-
ရုပ်သံသတင်း
ဖားကန့်မြေပြို လူ ၂၀၀ ခန့်သေဆုံးနိုင် ရှာဖွေမှုယာယီရပ်ဆိုင်းထား
ကချင်ပြည်နယ်ဖားကန့်ကျောက်စိမ်းနယ်မြေတွင် ယနေ့နံနက်ပိုင်းမြေပြိုကျမှုဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ ၂၀၀ ခန့်မျောပါပြီး နေ့လယ်ပိုင်းအထိ ရုပ်အလောင်း ၁၀၀ ခန့်တွေ့ရှိထားပါသည်။ မိုးရွာသွန်းမှုနှင့် မြေပြိုမှုများ ဆက်ရှိနေသောကြောင့် ရုပ်အလောင်းရှာဖွေမှုများ ယာယီရပ်ဆိုင်းထားသည်။ သတင်း – ကေဇွန်နွေး/Myanmar Now [youtube https://youtu.be/FQrOf0rQIt4]
-
ရုပ်သံသတင်း
ကိုဗစ်ဂယက်ထဲ ထပ်တိုးလာမယ့် ရာသီပေါ်တုပ်ကွေး
ကိုဗစ်နိုင်တင်းဖြစ်ပွားနေသည့်အချိန်တွင် ရာသီပေါ်သွေးလွန်တုပ်ကွေးထပ်ဖြစ်လာမည်ကို ပြည်သူများစိုးရိမ်နေကြပြီး ရောဂါလက္ခဏာဆင်တူနေသဖြင့် ပိုမိုဂရုစိုက်ရန်လိုအပ်သည်ဟု ဆိုကြသည်။ ရာသီပေါ်တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုသည် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်နိုင်တင်းရောဂါ ဖြစ်ပွားမှုနှင့်သေဆုံးမှုထက် အရေအတွက် ပိုမိုပြားသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး/Myanmar Now [youtube https://youtu.be/h8GwXlT5fTw]
-
ရုပ်သံသတင်း
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇော်လင်းထွဋ် လွတ်မြောက်
၂၀၁၉ ခုနှစ်သင်္ကြန် သံချပ်ထိုးရာတွင် တပ်မတော်ကို ဝေဖန်သည့်စာသားများပါဝင်ခဲ့သောကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုခံထားရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇော်လင်းထွဋ် ခေါ် ဖိုးသားသည် လွတ်ရက်စေ့ပြီး အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။ ကိုဇော်လင်းထွဋ်လွတ်မြောက်လာသော်လည်း ၎င်းတို့အဖွဲ့ဝင်ထဲမှတချို့သည်…
-
ရုပ်သံသတင်း
ငွေဆယ်သိန်းလာဘ်ယူခဲ့တဲ့ ဒုရဲမှူးဟောင်းအမှု တရားလိုစတင်စစ်ဆေး
အမှုသည်ဆီမှ ငွေဆယ်သိန်းလာဘ်စားမှုဖြင့် အဂတိကော်မရှင်မှ တရားစွဲဆိုထားသည့် ဒုရဲမှူးဟောင်းသိန်းဆွေမြင့်အား ယနေ့ လှိုင်မြို့နယ်တရားရုံးတွင် သုံးကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားလိုကို စတင်စစ်ဆေးခဲ့သည်။ အမှုတွင် တရားလိုဘက်မှ တင်သွင်းထားသည့် သက်သေ(၁၂)ယောက်ရှိပြီး သက်သေခိုင်လုံပါက အမြင့်ဆုံးငွေဒဏ် (သို့မဟုတ်) ထောင်ဒဏ်(၇)နှစ်အထိ ချမှတ်နိုင်ပါသည်။ သတင်းနှင့်ရိုက်ကူး…
-
ရုပ်သံသတင်း
သာကေတ ညောင်ဝိုင်းကျောင်းတိုက်ဆရာတော်ကို မုဒိမ်းမှုဖြင့် တရားစွဲ
သာကေတမြို့နယ် ညောင်ဝိုင်းကျောင်းတိုက်တွင် နေထိုင်သည့် မိခင်နှင့် ၅ နှစ်အရွယ် သမီးအား အဓမ္မပြုကျင့်မှုဖြင့် ကျောင်းထိုင်ဆရာတော် ဦးကောဝိဒါစာရ (ခေါ်) ကိုမျိုးကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲတင်လိုက်သည်။ ဦးကောဝိဒါစာရသည် ၂၀၁၈ ခုနှစ်တွင် ကျောင်းထိုင်ဆရာတော်ဖြစ်လာပြီး သက်တော် ၄၄ နှစ်၊…