-
သတင်း
အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်နှင့် ၎င်းတို့သားသမီးများကို စစ်မှုထမ်းဆင့်ခေါ်မည်ဟု ဦးမင်းအောင်လှိုင်အစိုးရ၏ ကာကွယ်ရေးဒုဝန်ကြီးသတိပေး
လတ်တလောတွင်စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရနေသည့် အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်များနှင့် ၎င်းတို့၏သားသမီးများကို အလှည့်ကျစစ်မှုထမ်းဆင့်ခေါ်မည်ဟု ယမန်နေ့က နေပြည်တော်တွင်ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကာကွယ်ရေးဒုဝန်ကြီးက သတိပေးလိုက်သည်။
-
သတင်း
နေပြည်တော်တွင် ကိုးကန့်အထူးဒေသ (၁) နယ်မြေသတ်မှတ်ရေးအပါအဝင် ဆွေးနွေးမှုများ စတင်
နေပြည်တော်ဆွေးနွေးပွဲတွင် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ ကိုးကန့်တပ်များ ဆုတ်ခွာပေးရေးနှင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စများအပြင် ကိုးကန့်တပ်က လိုလားသည့် “အထူးဒေသ (၁) နယ်မြေ” သတ်မှတ်ပေးရေးကိစ္စများကို အဓိက ဆွေးနွေးနိုင်သည်ဟု ကိုးကန့်တပ် (MNDAA) နှင့် နီးစပ်သူများအဆိုအရ သိရသည်။
-
သတင်း
စစ်ရေးပြင်းထန်နေသည့် ရခိုင်တွင် လေတပ်ဗုံးကြဲမှုကြောင့် သေဆုံးမှုများ ရှိနေ
မြို့တော် စစ်တွေနှင့် ကပ်လျက် ပုဏ္ဏားကျွန်းနယ်မြို့နယ် ထိစပ်ရာနယ်မြေများတွင် တိုက်ပွဲများ နေ့စဉ် ဖြစ်နေပြီး စစ်တပ်က စက်တင်ဘာလ ၂၁ ရက်မှ ၂၃ ရက် အထိ ဗုံးများကြဲခဲ့၍ အရပ်သားများ သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။
-
သတင်း
အမြန်လမ်း ၁၁၅ မိုင်စခန်းအနီး ကျေးရွာများကို စစ်တပ်တိုက်ခိုက်၊ ဒေသခံ ထောင်နှင့်ချီ တိမ်းရှောင်ရ
စစ်တပ်က ယခုလို အမြန်လမ်းနှင့် ပဲခူရိုးမကြားထဲရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေခြင်းမှာ တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးထားသည့် ကျေးရွာလမ်းပိုင်းများကို ထိန်းချုပ်၍ စစ်စခန်းများကို ထောက်ပို့လုပ်ချင်သည့် ရည်ရွယ်ချက်ကြောင့် ဖြစ်နိုင်ကြောင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
-
သတင်း
ပြင်ဦးလွင် ရတနာပုံမြို့သစ်စီမံကိန်းဧရိယာမှ ဘုန်းကြီးကျောင်း ၁၄ ခု ဖယ်ရှားပေးရမည်
စစ်ဗိုလ်ချုပ်ကြီးများ အခြေပြုရာ မြို့တော်တွင် ၎င်းတို့ အကောင်အထည်ဖော်နေသော စီမံကိန်းဧရိယာအတွင်း ကျူးကျော်ဟုဆိုကာ ဖယ်ရှားရှင်းလင်းခိုင်းသည့်အထဲ ဘုရားစေတီ၊ တရားရိပ်သာ၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများစသည့် ဘာသာရေးအဆောက်အအုံများ ပါဝင်နေသည်။



