-
ရုပ်သံသတင်း
PDF တွေကို ဥပဒေနဲ့ ဘယ်လိုထိန်းကျောင်းနေလဲ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ချေမှုန်းရေးရိုင်ဖယ် ကိုင်ဆောင်ပြီး စစ်တပ်ကို တိုက်ခိုက်နေသူတွေ ရှိသလို၊ ဥပဒေပညာနဲ့ တော်လှန်နေသူတွေလည်း ရှိပါတယ်။
-
ရုပ်သံသတင်း
စစ်တပ် ဘာကြောင့် ပြန်အရှိန်ရလာတာလဲ
၂၀၂၄ ခုနှစ်တုန်းက တော်လှန်ရေးတပ်တွေ ဆက်တိုက် အောင်ပွဲရနေချိန်မှာ စစ်တပ်က မြို့ ၄ မြို့သာ ပြန်သိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၅ နဲ့ ၂၀၂၆ ရောက်လာချိန်မှာတော့ တော်လှန်ရေးတပ်တွေလက််ထဲက မြို့ပေါင်း ၂၀ ကျော်ကို စစ်တပ်က…
-
ရုပ်သံသတင်း
ကျောက်ဖြူတိုက်ပွဲ ဘယ်အခြေအနေထိ ရောက်နေပြီလဲ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ကျောက်ဖြူ-ရမ်းဗြဲလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာကြောင့် တောင်မော်ဦးရေတပ်စခန်းအနီးမှာ တိုက်ပွဲအရှိန်မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
ရုပ်သံသတင်း
AA ထိန်းချုပ်နယ်မြေထဲက ကုလားတန်စီမံကိန်း ပြီးအောင်လုပ်မယ်လို့ အိန္ဒိယကို မင်းအောင်လှိုင် ကတိပေး
အိန္ဒိယကို သွားရောက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကုလားတန်မြစ်ကြောင်းစီမံကိန်းနဲ့ မြန်မာ-အိန္ဒိယ-ထိုင်း အဝေးပြေးလမ်းစီမံကိန်းတွေကို အပြီးသတ်အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။
-
ရုပ်သံသတင်း
အစ္စရေးနဲ့ ဟစ်ဇဘိုလာတို့အကြား အပစ်အခတ်ရပ်စဲရေး မတည်ငြိမ်သေး
လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွေကို အစ္စရေးဘက်က တိုက်ခိုက်တာ ရပ်တန့်ပေးမယ်ဆိုရင် တုံ့ပြန်တိုက်ခိုက်မှုတွေ ရပ်စဲဖို့ အမေရိကန်ရဲ့ အဆိုပြုချက်ကို ဟစ်ဇဘိုလာအဖွဲ့က လက်ခံလိုက်ပြီလို့ လက်ဘနွန်အစိုးရက ဇွန်လ ၁ ရက်မှာ ကြေညာခဲ့ပါတယ်။



