-
ရုပ်သံသတင်း
စစ်ကောင်စီအား လက်နက်ကိုင်တော်လှန်မည့် ဗမာ့ဇာမဏီအဖွဲ့
နိုင်ငံတော်အာဏာကို လက်နက်ဖြင့် သိမ်းယူခဲ့ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့သောကြောင့် လူငယ်များသည် လက်နက်ကိုင်တိုက်ပွဲဝင်မှရမည်ဟု ယူဆပြီး လွတ်မြောက်နယ်မြေဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်များထံတွင် စစ်ပညာတွေသင်ယူနေကြပါသည်။ လွတ်မြောက်နယ်မြေတွင် ရောက်နေပြီး NUG နှင့် အဆက်အသွယ်မရသေးသည့် လူငယ်များသည်လည်း အစုအဖွဲ့များစနစ်တကျဖွဲ့ကာ…
-
ရုပ်သံသတင်း
တန်ပြန်သတင်းမှားများဖြင့် ကျူးလွန်မှုများကို ဖုံးဖိရန် စစ်ကောင်စီကြိုးပမ်း
မီဒီယာများကို ‘ဖာ’ မကျရန် အာဏာသိမ်းစစ်ကောင်စီ၏ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၁၂ သတင်းစာရှင်းလင်းပွဲတွင် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခဲ့သည်။ လွတ်လပ်သည့် သတင်းဌာနများ၏ သတင်းများမှန်ကန်မှုမရှိဟု စစ်ကောင်စီ၏ စွပ်စွဲချက်များသည် အာဏာသိမ်းပြီးကတည်းက တောက်လျှောက် လုပ်ဆောင်နေခြင်း ဖြစ်သည်။…
-
ရုပ်သံသတင်း
ဖားကန့်၊ တာမခန်မြို့သစ်၌ စစ်အာဏာရှင်ကိုဆန္ဒပြ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခန်မြို့သစ်ရှိ ပြည်သူများသည် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းဆန္ဒဖော်ထုတ်မှုကိုဇွန် ၂၃ရက်နေ့က ပြုလုပ်ခဲ့ကြသည်။ ဆန္ဒပြပြည်သူများသည် စစ်အာဏာရှင်အလိုမရှိ၊ ဖမ်းဆီးထားသူများအား ချက်ချင်းလွှတ်စသည့်ကြွေးကြော်သံများကို ကြွေးကြော်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ [youtube https://youtu.be/gbL7RyTfmeY]
-
ရုပ်သံသတင်း
ရန်ကုန်တွင်် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြ
ရန်ကုန်တိုင်း၊အလုံမြို့နယ်၊ အလုံစျေးအနီးတွင် ဇွန်လ ၇ ရက် နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအနေဖြင့် လူငယ်များက ဆက်လက်ဆန္ဒပြခဲ့ကြသည်။ ယခုဆန္ဒပြမှုကို ပြောက်ကျားဆန္ဒပြမှုအနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီး၊ပစ်ခတ်မှုများ တရကြမ်းရှိနေသည့်ကြားက လူငယ်များရာနှင့်ချီစုစည်းကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ [youtube https://youtu.be/r7epBKFm0BY]
-
သတင်း
စစ်အာဏာရှင်ဖြုတ်ချရေး လူဝတ်လဲ၍ PDF ထဲဝင်သည့် သံဃာအရေအတွက်တိုးလာ
စစ်ခေါင်းဆောင်များ၏ လုပ်ရပ်ကို တရားဓမ္မဖြင့် ဟန့်တားရန် မဖြစ်တော့သဖြင့် လူဝတ်လဲကာ လက်နက်ကိုင်တော်လှန်ရေးထဲဝင်လာခြင်းဖြစ်ကြောင်း ရဟန်းဘဝကို စွန့်လွှတ်ခဲ့သူများက ဆိုသည်