ရုပ်သံသတင်း

စစ်ကောင်စီအား လက်နက်ကိုင်တော်လှန်မည့် ဗမာ့ဇာမဏီအဖွဲ့

နိုင်ငံတော်အာဏာကို လက်နက်ဖြင့် သိမ်းယူခဲ့ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့သောကြောင့် လူငယ်များသည် လက်နက်ကိုင်တိုက်ပွဲဝင်မှရမည်ဟု ယူဆပြီး လွတ်မြောက်နယ်မြေဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်များထံတွင် စစ်ပညာတွေသင်ယူနေကြပါသည်။

လွတ်မြောက်နယ်မြေတွင် ရောက်နေပြီး NUG နှင့် အဆက်အသွယ်မရသေးသည့် လူငယ်များသည်လည်း အစုအဖွဲ့များစနစ်တကျဖွဲ့ကာ ပြည်တွင်းကွန်ရက်များနှင့် ချိတ်ဆက်၍ စစ်ကောင်စီကို ခုခံတော်လှန်မှုများ လုပ်နေကြသည့် အဖွဲ့များစွာရှိပြီး ထိုအဖွဲ့များထဲတွင် ဗမာ့ဇာမဏီအဖွဲ့ဟု နာမည်ပေးထားသည့် လူငယ်အဖွဲ့တစ်ခုလည်း အပါအဝင်ဖြစ်ပါသည်။

[youtube https://youtu.be/wfdVCgccTq4]

Show More

Related Articles

Back to top button