-
သတင်း
မူးမြစ်ကြောင်းတလျှောက် စစ်ကောင်စီတပ် သောင်းကျန်းနေ
ကန့်ဘလူ၊ ရေဦး၊ တန့်ဆည် မြို့နယ်တို့ဆုံသည့်နေရာတွင် စစ်တပ်၏ စစ်ကြောင်းနှစ်ခုက အရပ်သားသုံးဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၇၃ လုံး မီးရှို့လိုက်သည်ဟု သိရသည်။
-
သတင်း
ကန့်ဘလူတွင် ခရီးသည်များ ဗုံးကြဲခံရ၊ သေဆုံးသူများထဲတွင် ရဟန်းတစ်ပါး ပါဝင်
ယနေ့(နိုဝင်ဘာ ၁၈)နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကျီကျင်းရွာအနီး ခရီးသည်တင်ယာဉ်တန်း ဒရုန်းဖြင့်ဗုံးကြဲချတိုက်ခိုက်ခံရသဖြင့် ခရီးသည်လေးဦးထက်မနည်း သေဆုံး၊ ရှစ်ဦးခန့်ဒဏ်ရာရခဲ့သည်၊ စစ်ကောင်စီတပ်၏ လက်ချက်ဖြစ်နိုင်သည်ဟု ဒေသတွင်းလက်နက်ကိုင်အဖွဲ့များက ပြောသည်။ ကန့်ဘလူတောင်ပိုင်း၊ ရွှေဘို – မြစ်ကြီးနားလမ်းပေါ် တိုက်ခိုက်မှုအတွင်း သေဆုံးသူများထဲတွင် ရဟန်းတစ်ပါး…
-
သတင်း
ကိုးကန့်ခေါင်းဆောင်ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ်ဖမ်းထားလိုက်ပြီ
လားရှိုးမှပြန်လည်ဆုတ်ခွာရန် ငြင်းဆန်နေသည့် ကိုးကန့်တပ် MNDAA ၏ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု တော်လှန်ရေးတပ်များနှင့် MNDAA နှင့်နီးစပ်သူများကဆိုသည်။
-
သတင်း
ကွတ်ခိုင်နှင့် မိုင်းငေါ့မြို့များ ဗုံးကြဲခံရ၊ အရပ်သား ၃ ဦး သေဆုံး
တအာင်းတပ် (TNLA) ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် မိုင်းငေါ့မြို့တို့ကို ယမန်နေ့ (နိုဝင်ဘာ ၁၇) တွင် လေတပ်က ဗုံးကြဲရာ ကလေးတစ်ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးကာ ၁၈ ဦးခန့် ဒဏ်ရာရ…
-
သတင်း
လေတပ်တိုက်ခိုက်မှုကြောင့် ဆုတ်ခွာခဲ့သော ပုလဲမြို့မှ သုံ့ပန်းများရရှိဟု BNRA ဆို
စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲ လေးရက်တာ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း လေကြောင်းပစ်ခတ်မှု၊ အင်အားဖြည့်တင်းမှုတို့ကြောင့် ဆုတ်ခွာခဲ့ရသော်လည်း စစ်ကောင်စီဘက်မှ သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရမိခဲ့ သည်ဟု ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က နိုဝင်ဘာ ၁၈ တွင် ထုတ်ပြန်သည်။ …



