-
သတင်း
ရခိုင်တွင် စစ်တပ်က လေကြောင်း၊ ရေကြောင်း အရှိန်မြှင့်တိုက်ခိုက်နေ
စစ်တပ်က လေကြောင်း၊ရေကြောင်းနှင့်လက်နက်ကြီးများဖြင့် အချိန်မရွေးပစ်ခတ်နိုင်သောကြောင့် ကမ်းခြေ၊ ချောင်းကမ်းနံဘေးအပါအဝင် မြို့၊ရွာအသီးသီး၌ နေထိုင်ကြသူများအနေဖြင့် အထူးသတိထားရန်လည်း AA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က စက်တင်ဘာ ၄ ရက်က ထုတ်ပြန်ထားသည်။
-
သတင်း
ငါန်းဇွန်တွင် ဒရုန်းဗုံးကြောင့် ဆရာတော်နှင့် ကလေးအပါအဝင် ၄ ဦး သေဆုံး
စစ်တပ်က ဒေသတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာတစ်ရွာတွင်တပ်စွဲ၍ အနီးဝန်းကျင်ရှိ ကျေးရွာသုံးရွာကို ဒရုန်းဖြင့် ဗုံးကြဲခဲ့စဉ် သေဆုံးမှုများဖြစ်ပေါ်ခဲ့ရာ ကျောင်းထိုင်ဆရာတော်တစ်ပါးနှင့် ခုနစ်နှစ် အရွယ် မိန်းကလေးတစ်ဦးတို့ပါဝင်နေသည်။
-
ဆောင်းပါး
အိမ်အဝေးကအိမ် (သို့မဟုတ်) ပြန်ရန်အခက်ဆုံးတိုင်းပြည်သို့ ပင်နီဆူလာမှလွမ်းချင်း
စင်ကာပူရှိ ပင်နီဆူလာပလာဇာမှာ ရိုးရိုးဈေးဝယ်စင်တာမဟုတ်ဘဲ အိမ်ပြန်ရန်ခက်ခဲမှုကြောင့် မွန်းကျပ်နေသူများ အချင်းချင်း မှီခိုရာ၊ အိမ်လွမ်းစိတ်ကို အစားအသောက်နှင့် စကားသံများဖြင့် ခေတ္တကုစားရာနေရာအဖြစ် အဓိပ္ပာယ်ဆောင်နေသည်။
-
သတင်း
ဗန်းမော်သို့တက်သည့် စစ်ရေယာဉ်အုပ်စု ထက်ဝက်နီးပါး နှစ်မြှုပ်ခံရပြီး လူ ၁၀၀ ကျော် ဖမ်းဆီးခံရ
ရွှေကူမြို့မှ ထွက်ခွာလာသည့် ရိက္ခာ၊ ခဲယမ်း၊ စစ်သားများတင်လာသည့် စစ်သင်္ဘောအုပ်စုကို KIA နှင့် KPDF ပူးပေါင်းတပ်များက ဧရာဝတီမြစ်အတွင်း တိုက်ခိုက်ခဲ့ရာ သင်္ဘော ရှစ်စီး ပျက်စီး၊ လူ ၁၀၀ ကျော် ဖမ်းဆီးမိခဲ့သည်။
-
သတင်း
ရေဘေးသင့် ခင်ဦးမြို့နယ်တွင် ကလေး ၁၀၀ နီးပါး ဖျားနာ၊ ဝမ်းပျက်နေ
ရုတ်တရက်ရေကြီးမှုကြောင့် ကောက်စိုက်သမ ခြောက်ဦး ရေနစ် သေဆုံးသည်အထိ ရေဘေးသင့်ခဲ့သော စစ်ကိုင်းတိုင်းတွင် ဒေသခံတို့ ကျန်းမာရေးအခက်အခဲနှင့် ရင်ဆိုင်နေရသည်။



