-
သတင်း
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူရှိ စစ်ကောင်စီစခန်းကုန်းကို KNU သိမ်းယူ
ဘုရားတောင် စခန်းကုန်းကို KNLA တို့ သိမ်းပိုက်လိုက်နိုင်ခြင်းကြောင့် တစ်ပတ်အတွင်း စစ်ကောင်စီအခြေစိုက်စခန်း ၂ ခု ဆုံးရှုံးသွားခြင်းဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီအခြေစိုက် ကြိတ်စခန်းကုန်းကို KNU က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
-
သတင်း
BBC Media Action အစီအစဉ်တင်ဆက်သူ ထောင် ၃ နှစ် ထပ်ချခံရ
အာဏာသိမ်းစစ်ကောင်စီက အမျိုးသမီးသတင်းထောက်တစ်ဦးကို ဖမ်းဆီးစစ်ဆေးပြီး ၁ နှစ်အကြာတွင် ထောင်ဒဏ်စုစုပေါင်း ၆ နှစ် ချလိုက်သည်။
-
မေးမြန်းခန်း
“အထက်အောက် မယုံကြည်မှုတွေက ပိုများလာတယ်” – အင်တာဗျူး
တပ်ပျက်မှုအခြေအနေ ပိုများလာချိန်တွင် စစ်တပ်က ပြည်သူထိခိုက်မည့်လုပ်ရပ်များ ပိုမိုလုပ်ဆောင်လာနိုင်ချေရှိသည်ဟု အာဏာဖီဆန်ထားသည့် ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်
-
သတင်း
ရေစကြိုမြို့နယ်၊ ရွာ ၁၀ ရွာမှ ဒေသခံ ၈၀ နီးပါးကို စစ်ကောင်စီ ဖမ်းထား
မကွေးတိုင်း၊ ရေစကြိုမှ ဒေသခံ ၈၀ ခန့်ကို လူသားဒိုင်းကာအဖြစ် ဖမ်းခေါ်ထားသည့် စစ်ကောင်စီတပ် စစ်ကြောင်းက လက်နက်ကိုင်ခုခံသူများကို လိုက်လံရှာဖွေနေသည်ဟု ဒေသခံတို့က ပြောသည်။
-
သတင်း
စစ်ကောင်စီ၏ စစ်ကြောရေးတွင် သေဆုံးရသူပေါင်း ၂၂၀ နီးပါးရှိလာ
ဖမ်းဆီးနှိပ်စက်မှု ဆက်လက် များပြားလာချိန်တွင် စစ်ကြောမေးမြန်းခံရစဉ် သေဆုံးသူအရေအတွက် တိုးပွားလာသည်။