-
သတင်း
ရန်ကုန်တွင် နှစ်သစ်ကူးည ဖောက်ခွဲတိုက်ခိုက်မှုများအတွင်း ဒုရဲအုပ်တစ်ဦးသေဆုံး
တက္ကသိုလ်ရိပ်သာလမ်းရှိ ကမ္ဘောဒီးယားသံရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နည်းတူ ဒေါပုံမြို့နယ်တွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရသည်။ ထို့ပြင် ညပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းတိုက်ခိုက်ခံရစဉ် ဒုရဲအုပ်တစ်ဦး သေဆုံးခဲ့သည်။
-
သတင်း
ဝက်လက်မြို့နယ်ကောင်စီဥက္ကဋ္ဌ စစ်တပ်အရာရှိ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံး
ဗိုလ်ကြီးမိုးဇော်လတ်ဆိုသူမှာ မန္တလေး - ရွှေဘိုလမ်းပိုင်းတွင် ဒေသခံ PDF အဖွဲ့ထောင်ထားသည့် မိုင်းကို လာရောက်ရှင်းလင်းစဉ် ဖောက်ခွဲခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။
-
သတင်း
စစ်ကိုင်းမြို့နယ်တွင် NLD လက်ထက် ရပ်ကျေးအုပ်ချုပ်ရေးမှူးအိမ် ဝင်စီးခံရ
စစ်ကိုင်း - မုံရွာကားလမ်းမပေါ်ရှိ ညောင်ပင်ဝန်းကျေးရွာကို ရောက်လာသည့် စစ်သားများက အုပ်ချုပ်ရေးမှူးကို ဖမ်းမမိသဖြင့် ဒေသခံအမျိုးသားသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်။
-
သတင်း
ချင်းတွင်းမြစ်ရိုးတစ်လျှောက် တိုက်ပွဲ ၉ ကြိမ်ဖြစ်ဟု ကနီ PDF ပြော
ဆယ်ရက်နီးပါးကြာ အပြင်းအထန်တိုက်ပွဲများအတွင်း လက်နက်အင်အားမမျှသော်လည်း နယ်မြေကျွမ်းသည့် ဒေသကာကွယ်ရေးအဖွဲ့များဘက်မှ ၂ ဦးသာ သေဆုံးသည်ဟု ကနီ PDF စာရင်းက ဆိုသည်။
-
သတင်း
မြင်းမူတွင် Mytel တာဝါတိုင် အဖျက်ခံရပြီး နှစ်ရက်ကြာအထိ စစ်တပ်ရောက်လာခြင်းမရှိ
တာဝါတိုင်များ ဖျက်ဆီးခံရပါက စစ်သားများ အလျင်အမြန်ရောက်လာလေ့ရှိသော်လည်း တိုက်နယ်ရဲစခန်းနှင့် သုံးမိုင်သာဝေးသည့် မဲနောရွာတွင် Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရပြီး နှစ်ရက်ကြာသည်အထိ မည်သူမျှ လာရောက်စစ်ဆေးခြင်းမရှိဟု ဒေသခံတစ်ဦးက ပြောသည်။