-
စုံစမ်းဖော်ထုတ်ရေးသားမှု
စစ်အာဏာရှင်အသိုင်းအဝိုင်းကိုးကွယ်ခဲ့သည့် ဘုရားဆင်းတုများကို ဖယ်ရှား
'အာဏာတည်စေ'၊ 'ပလ္လင်မြဲစေ'၊ 'ရာထူးတိုးစေ' စေတီတော်များတည်ရှိရာ နေပြည်တော် ပျဉ်းမနားအနီး မင်းဝင်တောင်ပေါ်တွင် ပြုလုပ်ကိုးကွယ်ထားသည့် ပုံပျက်ပန်းပျက် ဆင်းတုများကို ဖယ်ရှားခဲ့
-
ရုပ်သံသတင်း
စစ်အာဏာရှင်အသိုင်းအဝိုင်း လှူဒါန်းသည့် ယတြာဆင်းတုများ မဖယ်ရှားက အရေးယူခံရမည်
နေပြည်တော်ရှိ စိန္တာမုနိမင်းဝံတောင်ဘုရားပရိဝုဏ်အတွင်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေ အပါအဝင် တပ်မတော်အသိုင်းအဝိုင်းနှင့် အစိုးရအရာရှိကြီးများ၏ လှူဒါန်းမှုကို အများအပြားတွေ့ရပြီး ကြည်ညိုဖွယ်မဆောင်သည့် ဆင်းတုများကို သာသနာရေးက ဖယ်ရှားရန် ညွှန်ကြားလိုက်ပြီးနောက် ဆင်းတုအသစ်များဖြင့် အစားထိုးပြီးကာ အလှူရှင်ကဗ္ပည်းဆိုင်းဘုတ်အချို့ကိုလည်း ဖြုတ်သိမ်းလိုက်သည်။ သတင်းနှင့်ရိုက်ကူး – မင်းမင်း၊…
-
ရုပ်သံသတင်း
ပါတီကိုကြည့်ပြီး မဲပေးစေရေး မူဝါဒ NLD ဆက်လက်ကိုင်စွဲထား
၂၀၁၅ ရွေးကောက်ပွဲတုန်းကလို ပါတီကိုကြည့်ပြီး မဲပေးရေးမူဝါဒကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်သော်လည်း ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် လူ(အမတ်လောင်း)ကိုလည်းကြည့်ပါဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်သည်။ သတင်းနှင့်ရိုက်ကူး – မင်းမင်း/Myanmar Now [youtube https://youtu.be/ZmJiAuVUTww]
-
ရုပ်သံသတင်း
ကိုဗစ်နိုင်တင်း ထိန်းချုပ်နိုင်ပါက တပ်မတော်နေ့အခမ်းအနား ပြန်လုပ်မည်ဟု တပ်မတော်ပြော
ခေတ္တဆိုင်းငံ့ထားရသည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ကိုဗစ်နိုင်တင်း(Covid-19)ရောဂါ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပါက ခမ်းခမ်းနားနားဖြင့် ပြန်လည်ကျင်းပရန် တပ်မတော်က ပြောကြားခဲ့သည်။ သတင်းနှင့်ရိုက်ကူး – မင်းမင်း/Myanmar Now [youtube https://youtu.be/XxPn2KuQglc]
-
ရုပ်သံသတင်း
အဖွဲ့အစည်းတစ်ခုက သိန်းထောင်ချီသုံးပြီး သတင်းမှားဖြန့်နေဟု သမ္မတရုံးပြော
ရွေးကောက်ပွဲနီးချိန်တွင် အဖွဲ့အစည်းတစ်ခုက ငွေကျပ်သိန်းပေါင်း ထောင်နှင့်ချီသုံးစွဲပြီး သတင်းမီဒီယာအမည်ခံ၍ ဖေ့စ်ဘွတ်ပေါ်တွင် အတုအယောင်သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ တင်နေသည်ဟု နိုင်ငံတော်သမ္မတရုံးပြောဆိုခွင့်ရသူ ဦးဇော်ဌေးက အခိုင်အမာပြောဆိုကာ ဖော်ထုတ်အရေးယူသွားမည်ဟုလည်း သတိပေးလိုက်သည်။ သတင်းနှင့်ရိုက်ကူး – မင်းမင်း/Myanmar Now [youtube https://youtu.be/0-qhL0WK-Vc]