-
ရုပ်သံသတင်း
နေပြည်တော်မဲဆွယ်မှု NLDလှုပ်ရှားမှုအများဆုံးဖြစ်ပြီး ပြည်ခိုင်ဖြိုးငြိမ်သက်နေ
၂၀၂၀ရွေးကောက်ပွဲအတွက် မဲဆွယ်မှုစတင်သည့်နေ့တွင် အစိုးရရုံးစိုက်သည့် နေပြည်တော်၌ အင်အားကြီးအတိုက်အခံ ပြည်ခိုင်ဖြိုးပါတီ၏ လှုပ်ရှားမှုများ ထင်ရှားစွာမတွေ့ရသေးပေ။ ပြည်ခိုင်ဖြိုးနှင့် အခြားပါတီတို့ထက် အာဏာရ NLDပါတီ၏ ထောက်ခံအားပေးသူများ၊၊ ပါတီဝင်များ၊ အမတ်လောင်းများ၏ မဲဆွယ်လှုပ်ရှားမှုများကသာ နေပြည်တော်တွင် လွှမ်းမိုးနေသည်။ သတင်းနှင့်ရိုက်ကူး- ဉာဏ်လှိုင်လင်း၊…
-
သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးခရီးစဉ်ဖျက်သိမ်း
ရန်ကုန်မြို့နေအိမ်၌ ကိုဗစ်နိုင်တင်းရောဂါအတည်ပြုလူနာနှစ်ဦး တွေ့ရှိပြီးနောက် မနက်ဖြန်တွင် စီစဉ်ထားသည့် နိုင်ငံတော်အတိုင်ပင်ခံ၏ ကော့မှူးမြို့နယ်စည်းရုံးရေးခရီးစဉ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခွင့်မပြုတော့ခြင်းဖြစ်သည်
-
ရုပ်သံသတင်း
ရွေးကောက်ပွဲအကြံပြုချက်ဖြန့်ဝေမှု တပ်မတော်ညွှန်ကြားခြင်းမဟုတ်
အချက်(၆)ချက်ပါသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရွေးကောက်ပွဲအကြံပြုချက်များကို ဖြန့်ဝေရန် တပ်မတော်က တိုက်ရိုက်ညွှန်ကြားထားခြင်းမရှိဘဲ ထိုသို့ ဖြန့်ဝေမှုနှင့် ပတ်သက်ပြီး တရားပွဲများတွင် ပရိတ်ပဋ္ဌာန်းစာအုပ်များ ဖြန့်ဝေမှုနှင့် ဥပမာပေးကာ ‘ကြည်ညိုလို့ဝေတာ’ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/…
-
ရုပ်သံသတင်း
ကိုဗစ်ကာလအတွင်း တရုတ်နိုင်ငံသား ၇၅၀ကျော်ကို ဖမ်းဆီးထားဟု သမ္မတရုံးပြော
မူဆယ်နှင့် လောက်ကိုင်တို့မှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ဦးရေ ၇၅၀ကျော်ကို ဖမ်းဆီးထားပြီး ၎င်းတို့သည် ကိုဗစ်နိုင်တင်း(Covid-19) ကပ်ရောဂါကာလအတွင်း ဝင်ရောက်လာခြင်းဖြစ်သဖြင့် ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။ သတင်းနှင့်ရိုက်ကူး- မင်းမင်း/Myanmar…
-
ရုပ်သံသတင်း
လူမျိုးရေး၊ ဘာသာရေးအသုံးချပြီး မဲဆွယ်မှုမလုပ်ဖို့ ကော်မရှင်သတိပေး
လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် ဟောပြောလှုံ့ဆော်ပါက ဥပဒေကြောင်းအရ ထောင်တစ်နှစ်အထိကျခံရမည့် ပြစ်မှုမြောက်သလို ထိုကျူးလွန်မှုသည် တရားမဲ့ပြုကျင့်မှုလည်းမြောက်သဖြင့် ရွေးကောက်ပွဲတွင်အနိုင်ရသည့်တိုင်အောင် ကန့်ကွက်သူရှိလျှင် ပြန်ရှုံးသွားနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။ သတင်းနှင့်ရိုက်ကူး – မင်းမင်း၊…