-
သတင်း
တမူးတွင် ရဲကား မိုင်းခွဲခံရပြီး အရာရှိ ၃ ဦးအပါအဝင် ရဲ ၅ ဦး သေဆုံး
စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်မှုတစ်ခုတွင် ရဲ ၅ ဦး သေဆုံးသည်ဟု PDF က ပြောသည်။
-
သတင်း
ထီးချိုင့်တွင် ဖမ်းဆီးသတ်ဖြတ်ခံရသည့် PDF ၅ ဦး၏ ရုပ်အလောင်းများတွေ့
မရသိမ်ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံစခန်းကို ဇန်နဝါရီ ၁၃ က ထိုးစစ်ဆင် တိုက်ခိုက်စဉ် စစ်တပ်က PDF အဖွဲ့ဝင် လူငယ်ငါးဦးကို ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီးနောက် သတ်ဖြတ်ခဲ့သည်။
-
သတင်း
ကသာမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဗုံးကြဲတိုက်ခိုက်
ကသာမြို့မြောက်ဘက် ၁၀ မိုင်ကျော်ခန့် အကွာရှိ မိုးတားကြီးရွာကို စစ်ကောင်စီတပ်က ယနေ့ မွန်းလွဲပိုင်းတွင် တိုက်လေယာဉ်သုံးစီးဖြင့် ဗုံးကြဲသည့်ပြင် စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ဒေသခံ နှစ်ဦးထံမှ သိရသည်။
-
သတင်း
တမူးရဲဘက်စခန်းတိုက်ပွဲ၊ ထောင်ပိုင်အပါအဝင် ၁၁ ဦးခန့်သေမည်ဟု PDF ခန့်မှန်း
အသာတကြည် လက်နက်ချရန် ကမ်းလှမ်းမှုကို ထောင်ပိုင်က ငြင်းပယ်သဖြင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီဘက်မှ ၁၁ ဦးသေ၊ ၎င်းတို့ဘက်မှ ၂ ဦးသေဆုံးသည်ဟု တမူး − PDF ဘက်က ပြောသည်။
-
သတင်း
ချင်းတောင်မှ လူသားဒိုင်း ၁၀ ဦး သတ်ဖြတ်ခံရဟု CDF ပြော
မတူပီမြို့နယ်တွင် စစ်တပ် ဖမ်းသွားသည့် ရွာသားတို့ကို ရုပ်အလောင်းများအဖြစ်သာ ပြန်တွေ့ရသည်ဟု CDF က ပြောပြီး လက်နက်ရှိသူချင်းသာ ရင်ဆိုင်တိုက်ခိုက်ရန် CDF က စစ်တပ်ကို စိန်ခေါ်လိုက်သည်။