ရုပ်သံသတင်း

၂၀၂၂ သည် စစ်အာဏာရှင် အလဲထိုးရမည့်နှစ်ဟု တော်လှန်ရေးအဖွဲ့များပြော

၂၀၂၂ခုနှစ်သည် အာဏာသိမ်း စစ်ကောင်စီကို အလဲထိုးရမည့်နှစ်ဟု ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများဖြစ်ကြသည့် KNU၊ KIA အပါအဝင် NUG နှင့် တော်လှန်ရေးအဖွဲ့အစည်းများက ပြောကြားလိုက်ပါသည်။

စစ်အာဏာသိမ်းမှု တစ်နှစ်နီးပါးရှိလာပြီး စစ်ကောင်စီဘက်က ဖိနှိပ်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်နေသော်လည်း နိုင်ငံတစ်ဝန်းက ပြည်သူများ၏ အမျိုးမျိုးသော ခုခံတော်လှန်မှုများကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ စီးပွားရေး ယန္တရားများ ပုံမှန်မလည်ပတ်နိုင်သလို ယခုနှစ်တွင် ခုခံတော်လှန်စစ်များ ပိုမိုပြင်းထန်လာလိမ့်မည်ဟု သုံးသပ်နေကြပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/fXMg0gjjvLg]

Related Articles

Back to top button