
စစ်ကိုင်းတိုင်းထက်ပိုင်း အင်းတော်မြို့နယ်ရှိ အိမ်ခြေ (၇၀) ကျော်သာရှိသည့် ဂဟဲကျေးရွာကို ဇန်နဝါရီ (၄)ရက်နေ့က စစ်ကောင်စီလေယာဉ်နှစ်စီး ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၅ နှစ်မှ ၁၅ နှစ်အတွင်း ကလေးအရွယ် မောင်နှမလေးဦးအပါအဝင် စုစုပေါင်း ၅ ဦး ဗုံးသီးထိမှန် သေဆုံးသွားကြောင်း ဒေသခံများက ပြောပါသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များအပါအဝင် ဒေသခံရွာသား ၄၀၀ ကျော် ဘေးလွတ်ရာ တောတောင်ထဲတွင် တိမ်းရှောင်နေကြရသည်။ ရွာအနီးပတ်ဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမရှိသလို တိုက်ပွဲဖြစ်ပွားမှုလည်းမရှိဘဲ အကြောင်းမဲ့သက်သက် ဗုံးလာကြဲခြင်းဖြစ်ကြောင်း ဂဟဲရွာဒေသခံများက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/YxphPZ-c-fM]