အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပေါက်မြို့နယ်တွင် ရဲနှင့် ပျူစောထီးက အရပ်သားတစ်ဦးကို ပစ်သတ် 

မကွေးတိုင်းအနောက်ခြမ်း ပေါက်မြို့နယ်တွင် ရွာသားတစ်ဦးကို ရဲနှင့် ပျူစောထီးအဖွဲ့ဝင်များက ယနေ့ (ဒီဇင်ဘာ ၃၁) နံနက်ပိုင်းတွင် ပစ်သတ်ခဲ့ကြောင်း ဒေသခံသုံးဦးထံမှ သိရသည်။

အသတ်ခံရသူမှာ ပေါက်မြို့နယ်တောင်ပိုင်းရှိ ဇီးတောရွာမှ အသက် ၅၈ နှစ်အရွယ် ဦးမြင့်ရွှေဆိုသူဖြစ်ပြီး အင်အား ၁၆ ဦးခန့်ရှိ ရဲနှင့် ပျူစောထီးများကို ဆိုင်ကယ်များဖြင့် လှည့်လည်ရင်း ပစ်သတ်သွားခြင်းဖြစ်သည်ဟု သိရသည်။

“သူတို့လာပြီး တောင်ဘက် ဇီးတောရွာတွေထဲ ပတ်၊ သေနတ်တွေဖောက်ပြီး အပြန်မှာ ဟိုလူက တောထဲက ပြန်လာတာ။ အဲဒီကောင်တွေက ၆ ချက်လောက် ပစ်သတ်သွားတာ” ဟု ပေါက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူက ပြောသည်။​

ဦးမြင့်ရွှေဆိုသူဖြစ်ပြီး ယာခင်းထဲ ပဲနောက်စိမ်းကောက်ပြီးအပြန်တွင် ရဲ၊ ပျူစောထီး ပူးပေါင်းအဖွဲ့နှင့် တွေ့ကာ ပစ်သတ်ခံရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။​

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရဲများနှင့်အတူ ပါလာသည့် ပျူစောထီးအဖွဲ့ဝင်များမှာ ဇီးတောရွာအရှေ့မြောက်ဘက် နှစ်မိုင်အကွာရှိ တက်ကုန်းနှင့် ရွာသစ်ရွာတို့မှ ရွာသားများဖြစ်သည်ဟု အထက်ပါ ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

ဇီးတောရွာသို့ နံနက် ၁၁ နာရီတွင် ရဲနှင့် ပျူစောထီးအဖွဲ့ဝင်များ ရောက်ရှိလာပြီး မိနစ် ၂၀ ခန့်အကြာတွင် ရွာတောင်ဘက် ပြန်ထွက်သွားခဲ့ကြောင်း၊ ဦးမြင့်ရွှေကို တွေ့စဉ် မပြေးနဲ့ဟု ပြောဆိုရင်း ပစ်သတ်ခဲ့သည်ဟု သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူ ဇီးတောရွာသူတစ်ဦးက Myanmar Now ကို ပြောသည်။​

“ကလေးတွေ ထမင်းကျွေးနေတုန်း ဝင်ချလာတာ။ ပျူစောထီးတွေက သူတို့ကို မြင်ရင် သိမှာစိုးလို့ ထင်တယ်။ ဦးထုပ်တွေကို ရှေ့မှာ ချထားပြီး တစ်ခါတည်းမောင်းပြေးကြတာ။ ဦးလေးကြီးနဲ့ လမ်းမှာ တွေ့ လိုက်တာ။ တွေ့တော့ ပစ်သတ်ခဲ့လိုက်တာ” ဟု ဇီးတောရွာသူက ပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသူ ဦးမြင့်ရွှေအကြောင်း နှလုံးရောဂါရှိသူ ဇနီးဖြစ်သူကို ပြောပြနိုင်ခြင်းမရှိသေးကြောင်းလည်း အထက်ပါအမျိုးသမီးက ဆက်ပြောသည်။ 

လက်ရှိတွင် သေနတ်ခြောက်ချက်ဖြင့် ပစ်သတ်ခံရသူ ဦးမြင့်ရွှေ၏ ရုပ်အလောင်းကို ပြန်ကောက်နိုင်ပြီး နံကြားထဲ ဝင်သွားသည့် ကျည်ဆန်မှာ ထုတ်ချင်းပေါက်သွားသည်ကို တွေ့ရကြောင်း မကွေးတိုင်းအခြေစိုက် မြေလတ်ပြောက်ကျားအဖွဲ့ခေါင်းဆောင် CDM ရဲတပ်သားတစ်ဦးဖြစ်သူ ကိုပြည့်စုံက ပြောသည်။

“သူက တောသွားတာ။ ပျူနဲ့ ရဲတွေနဲ့ တိုးပြီး ပစ်သတ်ခံလိုက်ရတာ။ လူရိုးလူအ ဖုန်းတောင် မသုံးတတ်တဲ့သူဗျာ။ တော်လှန်ရေးလည်း မလုပ်ဘူး။ သူ့ကို တားတဲ့အချိန်မှာ ကြောက်ပြီးပြေးတာကို လိုက်ပစ်တာ။ မသေမချင်း ပစ်သွားတာ” ဟု ၎င်းက ပြောသည်။

သက်ကြီးရွယ်အိုများနှင့် ရွာသားအချို့ကလွဲ၍ ဇီးတောရွာဒေသခံအများစုမှာ ပျူစောထီးနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ရန်ကြောင့် စက်တင်ဘာလကတည်းက ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။ 

“ရွာမှာတော့ သူတို့ကို (ပျူစောထီးနှင့် ရဲ) နားစွင့်ပြီး နေရတာ။ သူ့တို့လာရင် သေနတ်တွေဖောက်လို့ ကုပ်ကုပ်ကလေးနေကြရတာ။ တချို့လူတွေလည်း ပြေးနေကြတယ်” ဟု ဇီးတောရွာသူက ပြောသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles