
ကန့်ဘလူမြို့နယ်၊ ရီးထွေးကျေးရွာ၌ ဒီဇင်ဘာ (၂၀) ရက်နေကစတင်ပြီး တပ်စွဲထားသည့် ပျူစောထီး ၈၀ ကျော်နှင့် စစ်ကောင်စီတပ်သားဆယ်ဦးကျော်တိုသည့် ရွာသူရွာသားများကို မောင်းထုတ်ပြီး တစ်ရွာလုံး၏ စပါးခင်းများကိုရိတ်သိမ်းယူနေကြောင်း ဒေသခံရွာသားများက Myanmar Now ကိုပြောပါသည်။
အိမ်ခြေသုံးရာကျော်ရှိသည့် ရီးထွေးရွာကို ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများ ဒီဇင်ဘာ ၂၀ရက်နေ့က စတင်ဝင်ရောက်စီးနင်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထောက်ခံတဲ့သူများ၏ နေအိမ် ၂၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သလို ရွာထဲတွင် တပ်စွဲထားသဖြင့် ဒေသခံအားလုံး တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေချိန်တွင် စပါးခင်းများကို ယခုလိုရိတ်သိမ်းယူနေကြခြင်း ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/9y7eoWhzSFY]