
“ဘယ်လောက်သတ်သတ်ဗျာ။ လူထုက ဘယ်ကုန်နိုင်မလဲဗျ။ သူ့စိတ်ဓာတ်နဲ့ သူရရာနည်းလမ်းနဲ့ ဆန့်ကျင်မှာပဲလေ။ ဗမာလူထုတွေကို အားပေးချင်တာက ကျွန်တော်တို့ ကရင်လူထုကိုတောင်မှ အလဲမထိုးနိုင်ဘဲနဲ့ အခု ဗမာလူထုက ကျွန်တော်တို့နဲ့ ရပ်တည်လာပြီဆိုတော့ ဒီပွဲက လှပြီပေါ့ဗျာ” – ပဒိုစောတောနီး
တစ်ကျော့ပြန်လည်လာခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှုဟာ ဒီတစ်ခါတော့ နောက်ဆုံးပဲလို့ ပြောလို့ရတယ်လို့ ဗမာလူထုတွေရဲ့ရပ်တည်ချက်အပါအဝင် အချက်လေးချက်ကို ဥပမာပေးပြီး ကရင့်အမျိုးသားအစည်းအရုံး(KNU)ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောလိုက်ပါတယ်။
မြေပြင်မှာအထိနာလို့ ဝေဟင်ကနေပါရမ်းကားနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ထိတွေ့နေတဲ့ လေ့ကေကော်ဒေသတိုက်ပွဲအကြောင်းတွေအပါအဝင် စစ်ကောင်စီကိုတော်လှန်ဖို့ စိတ်အားထက်သန်နေတဲ့ လူငယ်တွေ လက်နက်အခက်အခဲကြောင့် အားမလိုအားမရဖြစ်လာတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး တော်လှန်ရေးအတွေ့အကြုံ နှစ်ပေါင်း ၇၀ကျော် ရှိတဲ့ ကရင့်အမျိုးသားအစည်းအရုံး KNU ရဲ့ နိုင်ငံခြားရေးတာဝန်ခံလည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦးလည်းဖြစ်သူ ပဒိုစောတောနီးကို ဒီဇင်ဘာ ၂၇ရက်နေ့မှာ Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/QPtahVIXeUI]