အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

“ဆီမရှိရင် လေယာဉ်က ဘာမှလုပ်မရဘူး” လေတပ်တပ်ကြပ်ကြီး

“ဘာလုပ်လို့ရမလဲဆိုရင် လေယာဉ်မတက်နိုင်အောင် လေယာဉ်ကွင်းတွေ ရှိတယ်…..ပြီးတော့ ဆီမရှိရင် လုပ်မရဘူး”

“လေတပ်မှာ ဆီခိုးတာကို ဘောလုံးကစားကွက်နဲ့ ပြောတာ၊ ၄-၂-၃-၁ နဲ့ ပြောတာ။ ကျွန်တော်ဒီလိုပြောရင် သူတို့ကိုယ်သူတို့ သိမှာပါ။ ဆီခွဲတမ်းအချိုးက ဘယ်လောက်အထိဆိုးလဲဆိုရင် နေပြည်တော် စစ်ရုံးက လူကြီးတွေဆီကိုပါ လာဘ်ပေးတဲ့ပုံစံမျိုး သွားနေတာ”

အာဏာသိမ်းစစ်ကောင်စီက လေကြောင်းအားကိုးပြီး ထိုးစစ်ဆင်လာကြောင့် ထိုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ ဆက်မလုပ်နိုင်ရေးအတွက် စစ်တပ်ပိုင်လေယာဉ်ကွင်း အပါအဝင် လေယာဉ်ဆီနှင့် ဆီသယ်ယာဉ်များကို ဖျက်ဆီးပစ်ဖို့လိုနေကြောင်း လေတပ်တွင် ကိုးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် တပ်ကြပ်ကြီးက တိုက်တွန်းသည်။

လေတပ်၏ အကျင့်ပျက်ခြစားမှုများ၊ တပ်တွင်းအခြေအနေများအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်နိုင်မည့် အခြေခံနည်းလမ်းများနှင့်ပတ်သက်ပြီး မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တွင် နောက်ဆုံးတာဝန်ထမ်းခဲ့သည့် တပ်ကြပ်ကြီး ထက်နိုင်အောင် ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/NKKZ1GbLRUs]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button