အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံ

စစ်တပ်မွှေသည့် ဒီပဲယင်း၌ စိတ်မကျန်းမာသည့် ကလေးတစ်ဦး အသတ်ခံရ

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၄ ရက်ကြာ စခန်းချခဲ့သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်း နှောဒေသ၊ ဆုံကုန်းကျေးရွာအနီးတွင် သတ်ဖြတ်ပြီး ကျင်းတစ်ခုထဲတွင် မြှုပ်နှံခံရသည့် ဒေသခံ ၃ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ (ဒီဇင်ဘာ ၂၁) တွင် ဒေသခံတို့ ရှာတွေ့ခဲ့သည်။

သေဆုံးသူများမှာ ၅၅ နှစ်အရွယ် ဦးမြတ်သင်း၊ အသက် ၄၀ အရွယ် ဦးမျိုးနိုင်နှင့် ၁၂ နှစ်အရွယ် မောင်အောင်ဌေးတို့ ရုပ်အလောင်းများဖြစ်သည်ပြီး ၁၂ နှစ်အရွယ် မောင်အောင်ဌေးသည် စိတ်မကျန်းမာသည့် ကလေးငယ်တစ်ဦးဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ဒီဇင်ဘာ ၁၇ မှစ၍ ဆုံကုန်းရွာ၌ တပ်စွဲခဲ့သည့် စစ်သား ၂၀၀ ခန့် ပြန်လည်ထွက်ခွာပြီး နောက်တစ်ရက်တွင် ဆုံကုန်းရွာနှင့် တစ်မိုင်ကျော်ကွာဝေးသည့် စစ်ရဟတ်ယာဉ် အဆင်းအတက်ပြုလုပ်သည့် နေရာအနီး ဖိနပ်ခြေရာများတွေ့သဖြင့် အနီးရှိမြေပုံကို တူးဖော်ကြည့်ရာ ထိုသို့တွေ့ရခြင်းဖြစ်ကြောင်း ကိုယ်တိုင်ရှာဖွေခဲ့သူတစ်ဦးက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
[youtube https://youtu.be/95ZuUlYfPKw]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles