
စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်မှုအားကောင်းသည့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် အမိန့်အာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် ဝန်ထမ်းများစွာရှိနေပြီး CDM ဝန်ထမ်းအများစုသည် စစ်အာဏာရှင်ကိုလက်နက်ကိုင် တော်လှန်လျက်ရှိသည်။
ယခုချိန်တွင် လက်နက်ကိုင် တော်လှန်ရေးရဲဘော်အဖြစ် ကျရာတာဝန်တွေကိုထမ်းဆောင်နေကြသည့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက CDM ဝန်ထမ်းများသည် အခက်အခဲများကြားက စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/nhbfBtMUQIM]