ရုပ်သံသတင်း

ပုလဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် အထိနာနေ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းကို နယ်မြေရှင်းလင်းရန် စစ်‌ကြောင်းထိုးနေသည့် စစ်‌သားရှစ်ဆယ်ကို ပြည်သူ့တော်လှန်ရေး တပ်မတော် PRA က ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်နေသောကြောင့် မနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ တစ်နေ့လုံးတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများကြောင်းသိရပါသည်။ ‌စစ်ကောင်စီတပ်များ အထိနာခဲ့သဖြင့် တိုက်ပွဲဖြစ်နေသည့်အနီးရှိ ငါးမြောင်းရွာက အိမ်ခြေ(၁၇) လုံးကို စစ်သားများက မီးတင်ရှို့ခဲ့ပါသည်။

ဒီဇင်ဘာ ၉ ရက်နေ့မှစတင်းပြီး ပုလဲမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားတစ်ရာကျော်ရှိတဲ့ ခမရ ၂၁၇ တပ်ရင်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ယနေ့ထိ တိုက်ပွဲရှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွင် လူအင်အားရှစ်ဆယ်ကျော်သာကျန်တော့ကြောင်း PRA အဖွဲ့နှင့် ဒေသခံများကဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/PnXR7E3peJY]

Show More

Related Articles

Back to top button