
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကဲဘာရွာ မြောက်ပိုင်းရှိ အိမ်ခြေ ၁၀၀ ကျော် ယမန်နေ့ (ဒီဇင်ဘာ ၁၃)ရက်က မီးရှို့မှုမှာ စစ်တပ်၏ ကြိုတင်ကြံရွယ်ချက်ဖြစ်ကြောင်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရ ပြီး မျက်မြင်တွေ့ခဲ့သူတစ်ဦးက ထုတ်ဖော်ပြောဆိုသည်။
ကဲဘာရွာသည် ရွာဟောင်း၊ ရွာသစ်နှင့် သိမ်တော်ကုန် ရွာသုံးရွာ တစ်ဆက်တည်းရှိပြီး အိမ်ခြေ ၅၀၀ ခန့်ရှိသည်။ ယမန်နေ့တွင် စစ်တပ်၏လက်ချက်ကြောင့် မြောက်ပိုင်းရှိ ရွာဟောင်းရှိ နေအိမ် ထက်ဝက်နီးပါး ပျက်စီးသွားခဲ့သည်ဟု ဒေသခံ PDF ဘက်က ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/DEhDyZUy3Ns]