ရုပ်သံသတင်း

စစ်ကောင်စီက ပြည်သူများကို သတ်ဖြတ်ကြောင်း ထွက်ပြေးလာသူများ ဝန်ခံ

ပုလဲမြို့နယ်ကိုအခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့တော်လှန်ရေးတပ်မတော် PRA အဖွဲ့ဆီကို တစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး လာရောက်ခိုလှုံကြောင်း အဖွဲ့တာဝန်ရှိသူ ကိုဂျပန်ကြီးက Myanmar Now ကိုအတည်ပြု ပြောဆိုပါသည်။

PRA ကထုတ်ပြန်ထားသော် တပ်သားနှစ်ယောက်ကို မေးမြန်းထားသည့် ရုပ်သံဖိုင်တွင် တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၇ တပ်ရင်းသည် နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် အရပ်သားများကို သတ်ဖြတ်ခဲ့မှုများရှိကြောင်း ထွက်ပြေးလာသူများက ဝန်ခံပြောဆိုထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/VcHSmVVPbkE]

Related Articles

Back to top button