စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ကျေးရွာတချို့ကို ယနေ့ ( ဒီဇင်ဘာ ၇) နံနက်မှစ၍ စစ်တပ်က လက်နက်ကြီး၊ ရဟတ်ယာဉ်များအသုံးပြုပြီး အဆက်မပြတ်ပစ်ခတ်နေသည်ဟု ဒေသခံ ကျေးရွာသားများ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) က Myanmar Now ကို ပြောသည်။
နံနက် ၇ နာရီတွင် ဒီပဲယင်းမြို့အနောက်ဘက် ၈ မိုင်ခန့်အကွာရှိ အောင်စည်မြေ၊ အောင်သာမြေ၊ ဘော့ကုန်း၊ လယ်ပြင်ကွက်၊ မြကန်သာ စသည့် ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပြီး တစ်နာရီခန့်အကြာတွင် ရဟတ်ယာဉ် ရောက်လာကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်နေသည်ဟု သိရှိရသည်။ လက်ရှိအခြေအနေများနှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးအား Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/Jnptz7YwwYk]