ရုပ်သံသတင်း

ဦးကျော်မိုးထွန်း ကုလသမဂ္ဂနေရာ ဆက်ရ

“အထွေထွေညီလာခံက ဆုံးဖြတ်ချက်က NUG အပါအဝင် ဦးကျော်မိုးထွန်းအတွက် တကယ့် Master Key ပါပဲ။ နေရာတိုင်းဖွင့်လို့ရမယ့် သော့တစ်ခုပေါ့”

ကုလသမဂ္ဂအထွေထွေညီလာခံ၏ အရည်အချင်းစစ်ကော်မတီက စစ်ကောင်စီ၏ နိုင်ငံကိုယ်စားပြုခွင့် လျှောက်ထားမှုကို ရွှေ့ဆိုင်းလိုက်ခြင်းဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြု ဆက်လက်တာဝန်ပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်အရေးဝန်ကြီးက ပြောသည်။

အထွေထွေညီလာခံသို့ ယခုလအတွင်း တင်ပြရန် ရှိနေသည့် အဆိုပါ ဆုံးဖြတ်ချက်ကို အစဉ်အလာအားဖြင့် ကန့်ကွက်၊ ပယ်ချလေ့မရှိကြောင်းနှင့် အမြဲတမ်းကိုယ်စားလှယ်နေရာတွင် ဦးကျော်မိုးထွန်းဆက်ရှိနေပါက NUG အတွက် ရရှိလာမည့် အလားအလာကောင်းများနှင့် ပတ်သက်ပြီး NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/HtEwGxLCl7g]

Related Articles

Back to top button