
“ပြောက်ကျားတပ်ဖွဲ့တွေကို ဘယ်လိုမှမယှဉ်နိုင်တော့တဲ့အတွက် လေကြောင်းကနေ လက်နက်ကြီးပစ်ကူတွေ အဓိကထားပြီးတော့ ဖိအားပေး အကြမ်းဖက်တိုက်ခိုက်လာတယ်”- ဗိုလ်ကြီးလင်းထက်အောင်
စစ်ကောင်စီတပ်ထဲမှာ အထက်နဲ့အောက် အပြန်အလှန် မယုံကြည်မှုတွေ များလာသလို တပ်တွင်းမှာ ဖရိုဖရဲဖြစ်နေပြီး တပ်တွင်းပုန်ကန်မှုတွေ ဖြစ်လာနိုင်တဲ့အထိ ဦးတည်နေတယ်လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က Myanmar Now ကို ပြောပါတယ်။ စစ်အာဏာသိမ်းပြီး ၁၀လအတွင်း စစ်ကောင်စီတပ်ကို စွန့်ခွာလာတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ အရေအတွက်ဟာလည်း ၈၀၀၀ကျော် ရှိလာပါပြီ။
လက်ရှိ နွေဦးတော်လှန်ရေး အခြေအနေတွေနဲ့ပတ်သက်လို့ အစောပိုင်းကာလတွေကတည်းက CDM လုပ်ခဲ့သူဖြစ်သလို လက်ရှိမှာလည်း CDM လုပ်မယ့် တပ်မတော်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပူးပေါင်းပြီး ချိတ်ဆက်ကူညီပေးနေတဲ့ ဗိုလ်ကြီး လင်းထက်အောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/sPmgeATS5GI]