အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ နှစ်ခုဖြင့် အမိန့်ချမည့်ရက် ရွှေ့ဆိုင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားသည့် အမှု ၁၁ ခုအနက် အမှုနှစ်ခုအတွက် ယနေ့ အပြီးသတ်အမိန့်ချရမည်ဖြစ်သော်လည်း ဇဗ္ဗူသီရိမြို့နယ်တရားရုံးက ရက်ရွှေ့ဆိုင်းလိုက်သည်။ 

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် ပုဒ်မ ၁၁ ခုအနက် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့ဖြင့် ယနေ့ (နိုဝင်ဘာ ၃၀) တွင် အပြီးသတ်အမိန့်ချရန် နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားခွင်၌ ဆုံးဖြတ်ထားသည်။

ယနေ့တရားခွင်တွင် အဆိုပါအမှုနှစ်ခုအတွက် လာမည့် ဒီဇင်ဘာ ၆ တွင် အမိန့်ချရန် ရက်ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ထုတ်ပြန်ခဲ့သည့် စစ်ကောင်စီသည် တရားမဝင်ကြောင်း ထုတ်ပြန်ကြေညာချက် နှစ်စောင်ကြောင့်ဟုဆိုကာ အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ပါ ယင်းပုဒ်မဖြင့် ပူးတွဲ တရားစွဲခံထားရသည်။

အခြားပုဒ်မတစ်ခုဖြစ်သော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒပုဒ်မ ၂၅ မှာ ၂၀၂၀ ရွေးကောက်ပွဲကာလ၌  NLD ပါတီ မဲဆွယ်ယာဉ်တန်းလှည့်လည်နေစဉ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က နေအိမ်ရှေ့ထွက်၍ လက်ပြခဲ့ခြင်းသည် ကိုဗစ်စည်းကမ်းများနှင့်မညီဟု ဆိုကာ စွဲဆိုထားသည့်အမှုဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည်။ 

အဆိုပါအမှု နှစ်ခုအတွက် အမိန့်ချမည့်ရက်ကို ရွှေ့ဆိုင်းလိုက်သော်လည်း ယနေ့တရားခွင်၌ စစ်ကောင်စီ၏ ကမ်းလှမ်းချက်ဖြင့် NLD ပါတီဝင်ဟောင်း ဦးထွန်းမြင့်အောင် (ခ) ဦးညီညီဆိုသူက ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ ပုဒ်မ ၂၅ ကို ဆက်လက်စစ်ဆေးခဲ့သည်။

ထိုသူစွဲဆိုထားသည့် ဘာဝဘေးအမှုအတွက် ခုခံချေပပေးမည့် အိုးဘိုထောင်တွင် အကျဉ်းကျခံနေရသူ မန္တလေးတိုင်း​ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှာ နေပြည်တော်သို့ ခရီးသွားလာနိုင်လောက်သည့် ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း၊ အမှုအတွက် စစ်ဆေးပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က တရားရုံးသို့ နိုဝင်ဘာ ၉ ၌ လျှောက်ထားခဲ့ကြသည်။

ဒေါက်တာဇော်မြင့်မောင်အား မန္တလေးအိုဘိုထောင်မှ နေပြည်တော်သို့ လာရောက်သက်သေထွက်ဆိုရန် ဆင့်ခေါ်စာအသစ် ထုတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က လျှောက်ထားရာ လာမည့်ရုံးချိန်း၌ ဆုံးဖြတ်မည်ဖြစ်ကြောင်း တရားရုံးက အမိန့်ချခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း NLD ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က တစ်ဦးတည်းသော သက်သေအဖြစ် ထွက်ဆိုမည် ဖြစ်သည်။

ပုဒ်မပေါင်း ၁၁ ခုဖြင့် ရင်ဆိုင်နေရသည့် အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားရုံး၌ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့တိုင်းတွင် ရုံးထုတ်စစ်ဆေးခံနေရသည်။

ပုဒ်မ ၅၀၅(ခ) ဖြင့် NLD ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သော ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို မေ ၂၈ တွင်လည်းကောင်း၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ဇွန် ၈ တွင်လည်းကောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို အောက်တိုဘာ ၈ တွင်လည်းကောင်း ထောင်ဒဏ် ၂ နှစ်စီ စစ်ကောင်စီက အမိန့်ချထားပြီးဖြစ်သည်။

ထို့ပြင် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်သည် အဂတိလိုက်စားမှု အမှု ၅ မှုဖြင့် နိုဝင်ဘာ ၉ တွင် စုစုပေါင်းထောင်ဒဏ် ၇၅ နှစ် ချမှတ်ခံထားရသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button