ရုပ်သံသတင်း

Mytel VIP တာဝါတိုင်တပ်ဆင်ထားသော နေပြည်တော်က တပ်ချုပ်ကြီး စံအိမ်

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နေထိုင်ရာ ထိုအိမ်ခြံဝင်းကြီးမှာ Google ကောင်းကင်ဓာတ်ပုံအရ ဧက ၃၀ နီးပါး ကျယ်ဝန်းလေသည်။ ထိုနေရာအဝန်းအဝိုင်းကို ရောက်ရှိခဲ့ဖူးသည့် တပ်မတော်သားသုံးဦးကလည်း ထိုအိမ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နေထိုင်သည်ဟု Myanmar Now ကို အတည်ပြုသည်။

ကိုယ်ပိုင်ဆက်သွယ်ရေးတာဝါတိုင်နှင့် နေထိုင်သည့် အာဏာသိမ်းခေါင်းဆောင်၏ အဆောင်အယောင်နှင့် စည်းစိမ်ချမ်းသာမှာ သာမန်စစ်သည်မဆိုထားဘိ၊ သက်တူရွယ်တူ ဗိုလ်ချုပ်များပင် စိတ်ကူးမရနိုင်သည့်အရာဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးအတွက် Mytel VIP တာဝါတိုင်စိုက်ထူးရာ နေရာမှာ အတိအကျအားဖြင့် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၃၃.၄ စက္ကန့် နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒဂရီ ၁၉ မိနစ် ၂၈.၈ စက္ကန့်တွင် (19°51’33.4″N 96°19’28.8″E) ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/qxlikVhxkNY]

Related Articles

Back to top button