
ရန်ကုန်တိုင်းအတွင်း PDF အဖွဲ့ဝင်များနှင့် ထောက်ပံ့ကူညီသူ ၅၀ ကျော် ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ၎င်းတို့အဖွဲ့ဝင် ၂၀ ခန့် ဖမ်းဆီးခံလိုက်ရပြီး အများစုက အရပ်သားများ ဖြစ်ကြောင်း Myanmar Now ကို အတည်ပြုပါသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပျံလွှားအောင်စစ်ဆင်ရေးကို အရှိန်မြှင့်သွားမည်ဟု ပြောဆိုထားပြီး ယခုဖမ်းဆီးခံရမှုကြောင့် စစ်ဆင်ရေးအရှိန်လျော့သွားမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/FTZNyMwjqN4]