အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာကို အင်အားအလုံးအရင်းဖြင့် ဝင်စီး 

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာကို ယနေ့ (နိုဝင်ဘာ ၁၈) မွန်းလွဲ ၃ နာရီမှစ၍ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။ 

ကားအစီး ၃၀ ကျော်ဖြင့် ရောက်ရှိလာသည့် အင်အား ၁၀၀ ကျော်ရှိ ရဲနှင့် စစ်သားများက ပိတ်ဆို့ရှာဖွေနေကြောင်း၊ အိမ်ရာဝင်းတစ်ခုလုံးကို လက်နက်ကိုင်အစောင့်များ ချထားကာ မည်သည့်တိုက်ကို ရှာဖွေနေသည်ဟု အတိအကျမသိရကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

ရတနာနှင်းဆီအိမ်ရာတွင် နေထိုင်သူနောက်တစ်ဦးကလည်း “FAW ကား အစီး ၁၀ လောက်ရှိတယ်။ Double Cab က ၁၀ စီးလောက်၊ အိမ်းစီးကားက ၇ စီးလောက်ရှိ တယ်။ ဘယ်အခန်းရယ်လည်းတော့ မသိဘူး။ လူမရှိတဲ့ အခန်းတွေကို တံခါးတွေရိုက်ဖွင့်နေတယ်” ဟု ပြောသည်။

“လက်ရှိတော့ အကုန်ပြန်ထွက်သွားပါပြီ။ တွေ့ရသလောက်တော့ အဖမ်းခံရတာ မတွေ့သေးဘူး။ အခုတော့ တစ်ယောက်မှ မရှိတော့ဘူး” ဟု ၎င်းက ယနေ့ ညနေ ၄ နာရီခွဲအချိန်တွင် ထပ်မံဖြည့်စွက်ပြောကြားသည်။ 

ရတနာနှင်းဆီအိမ်ရာ ဝင်ရောက်စီးနင်းခံရစဉ်အတွင်း ဖမ်းဆီးခံရသူ သုံးဦးရှိကြောင်း အထက်ပါပုဂ္ဂိုလ်ကပင် ယနေ့ ညနေ ၆ နာရီဝန်းကျင်တွင် အတည်ပြုပြောကြားသည်။ 

ရန်ကုန်တိုင်းအတွင်း ယခုရက်ပိုင်းအတွင်း ဖြစ်ပွားသော ပစ်ခတ်တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် ၃၉ ဦးနှင့် ထောက်ပံ့ကူညီသူ ၈ ဦး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ယမန်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ၎င်းတို့အဖွဲ့ဝင်များအနက် အဖမ်းခံရသူ ၂၀ ခန့်ရှိသည်ဟု ယနေ့တွင် Myanmar Now ကို အတည်ပြုထားသည်။

ခုခံတော်လှန်စစ် စတင်ကြောင်း ကြေညာသည့် စက်တင်ဘာ ၇ ရက်နောက်ပိုင်း စတင်ခဲ့သော ‘ပျံလွှား အောင်’ စစ်ဆင်ရေးအရ ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း NUG ၏ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ဖော်ပြောကြားထားသည်။

‘ပျံလွှားအောင်’ စစ်ဆင်ရေးအရ နိုဝင်ဘာ ၁၅ ရက်တွင် ရန်ကုန်တိုင်းအတွင်း ၁၀ နေရာထက်မနည်းကို ဗုံးခွဲခဲ့သည့်ပြင် သန်လျင်တံတားအဆင်းရှိ စစ်တပ်ကင်းစခန်း၊ လှိုင်ယာယာမြို့နယ်ရှိ ရွှေလင်ဗန်းမီးသတ်ရုံနှင့် မိုးလုံလေလုံအားကစားကွင်းရှိ စစ်ကောင်စီစခန်း၊ ထန်းတပင်မြို့နယ်ရှိ တာဆုံရဲကင်းတို့ကို တိုက်ခိုက်ခဲ့ကြောင်း NUG ၏ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button