အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖားကန့်တွင် စစ်ကောင်စီက လေကြောင်းဖြင့်ပါ တိုက်ခိုက်နေ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲများအတွင်း ယနေ့ (နိုဝင်ဘာ ၁၄) တွင် စစ်ကောင်စီက ဂျက်လေယာဉ်များ အသုံးပြုတိုက်ခိုက်နေသည်ဟု သိရသည်။

ယနေ့နံနက် ၇ နာရီဝန်းကျင်တွင် ဖားကန့်မြို့နယ်၊ နမ်ဂျန်ဒေသရှိ အောင်လျဲန်၊ ဆိုင်းဂျာ၊ ဂါခရန် စသည့် စစ်ကောင်စီစခန်းသုံးခုကို KIA က တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီက ဂျက်လေယာဉ်များဖြင့်ပါ တိုက်ခိုက်နေခြင်းဖြစ်သည်။ 

စစ်ကောင်စီစခန်းများတိုက်ခိုက်ခံရပြီး နှစ်နာရီခန့်အကြာတွင် ဂျက်လေယာဉ်ဖြင့် ပစ်ကူလာကြောင်း၊ တိုက်ပွဲအခြေအနေအသေးစိတ်ကို မသိရသေးကြောင်း​ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဒီမနက် ၇ နာရီဝန်းကျင်ကတည်းက ဖြစ်တာပါ။ နမ်ဂျန်ခူးဘက်က စစ်ကောင်စီထိုင်တဲ့ စခန်းသုံးနေရာ ဝင်တိုက်တယ်လို့ သတင်းတက်လာပါတယ်။ ဖိုက်တာ(ဂျက်လေယာဉ်) တွေ လာပြီးတော့ အပစ်ကူတယ်လို့လည်း သတင်းတက်လာတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဖားကန့်မြို့နယ် မြောက်ဘက် ၁၀ မိုင်ဝန်းခန့်အကွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး ယမန်နေ့ကလည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီ၏ အောင်လျဲန်စခန်း၊ ဆိုင်းဂျာ စခန်းတို့ကို KIA က သိမ်းယူနိုင်ခဲ့ကြောင်း ဖားကန့်မြို့ခံတစ်ဦးက ပြောသည်။

“သူတို့  (စစ်တပ်) ဘက်က အကျအဆုံးများတယ်တဲ့။ လက်နက်တွေလည်း အများကြီးသိမ်းမိတယ်လို့ သတင်း Update (နောက်ဆုံးသိရသည့်အခြေအနေ) ဝင်လာတယ်” ဟု ထိုအမျိုးသားက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့၏ အောင်လျဲန်စခန်း၊ ဆိုင်းဂျာ စခန်းတို့ကို လက်လွှတ်လိုက်ရပြီးနောက် ကံဆီးဒညှင်းကုန်းရှိ ဗျူဟာကုန်း၊ ဖားကန့်ဗျူဟာကုန်း၊ လုံးခင်းဗျူဟာကုန်းသုံးခုမှ လက်နက်ကြီးများ ကူပစ်နေသည့်အပြင် နံနက် ၉ နာရီဝန်းကျင်မှစ၍ ဂျက်လေယာဉ် အသုံးပြုတိုက်ခိုက်မှု သုံးကြိမ်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီစခန်းများ သိမ်းယူနိုင်နေသည်ဟူသော မြို့ခံများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး လတ်တလော အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖားကန့်မြို့နယ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းပြီး စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားသည့် မြို့နယ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။

ကချင်ပြည်နယ်အပါအဝင် နယ်မြေထိစပ်နေသော စစ်ကိုင်းတိုင်းဒေသတချို့တွင် KIA နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တချို့ ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်ခြင်းများလည်း ရှိခဲ့သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles