
အောက်တိုဘာ ၁၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သည် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ရှောက်ခါးကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ၏ နေအိမ် ၅ လုံးအပါအဝင် နေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံရွာသားများက ဆိုသည်။
အောက်တိုဘာ ၁၁ ရက်နေ့ မနက်ပိုင်းတွင် ပျူစောထီးခေါင်းဆောင်ဟု အများကယူဆထားသည့် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးဟောင်း အသက် ၅၀ အရွယ် ဦးမော်ကြီးကို အမည်မသိအဖွဲ့တစ်ခုက သတ်ဖြတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများက ရွာကို ယခုလို လာရောက်စီးနင်းမီးရှို့ခဲ့ခြင်းဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/nB3CZeUjkaA]


