ရုပ်သံသတင်း

ဒီပဲယင်းမြို့ ကျေးရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့

စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားသည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဝန်းရံကျေးရွာနှင့် ကုန်းရိုးကျေးရွာရှိ နေအိမ်များကို နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်သားများက မီးရှို့ခဲ့ကြောင်း ဒေသခံများက အတည်ပြုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့မှုကြောင့် ဝန်းရံကျေးရွာက နေအိမ်တစ်လုံး၊ ဘေးချင်းကပ်ရွာဖြစ်သည့် ကုန်းရိုးရွာက နေအိမ်လေးလုံးမီးလောင်သွားပြီး တစ်ရွာလုံး ထွက်ပြေးနေရကြောင်း သိရပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/wIPsYTSs-bs]

Show More

Related Articles

Back to top button