အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မုံရွာတွင် စစ်တပ်စခန်းချနေသည့် ဆည်မြောင်းရုံးကို အဖွဲ့ငါးဖွဲ့ပေါင်းတိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယနေ့ (နိုဝင်ဘာ ၈) နံနက်ပိုင်းက စစ်တပ်တပ်စွဲထားသည့် ဆည်မြောင်းရုံးကို မြို့ပြပြောက်ကျားအဖွဲ့ ငါးဖွဲ့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးသည်ဟု တိုက်ခိုက်ရာတွင် ပါဝင်သူအချို့က ပြောသည်။ 

မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ဆည်မြောင်းရုံးကို နံနက် ၉ နာရီခွဲခန့်တွင် လက်လုပ်မိုင်းသုံးလုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်ကို ပြောက်ကျားအဖွဲ့များက ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ 

ဆည်မြောင်းရုံးကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) အဖွဲ့ဝင်များက ကနဦး မိုင်းခွဲပြီးနောက် PDF-South Monywa, Monywa Heroes Group, Monywa UG Group, Monywa Night King ဆိုသော အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကာ စစ်သားလေးဦး ဦးခေါင်းတွင် ကျည်ထိမှန်ခဲ့သည်ဟု ဆိုသည်။

“(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) ပျာယာခတ်ပြီး ထွက်လာတာ။ ထွက်လာတာကို ကျွန်တော်တို့က ကြိုစောင့် ပြီး ဗျင်းခဲ့လိုက်တာ” ဟု Monywa Night King အဖွဲ့မှ ကိုဘလက်ကီဆိုသူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်စဉ် စစ်ကောင်စီတပ်၏ ကားတစ်စီး ထိခိုက်ပျက်စီးသွားကြောင်း၊ တိုက်ခိုက်မှုအတွင်း ပြောက်ကျားအဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ဆည်မြောင်းရုံးတွင် စစ်အင်အားမည်မျှ တပ်စွဲစခန်းချနေသည်နှင့် စစ်သားများ မည်မျှထိခိုက်မှုရှိသည်ကိုမူ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။ 

မြို့ပြပြောက်ကျားအဖွဲ့ ငါးဖွဲ့၏ တိုက်ခိုက်မှုခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မုံရွာမြို့တွင်း၌ သေနတ် ပစ်ဖောက်ခြောက်လှန့်မှုများ ပြုလုပ်နေကြောင်း၊ မြို့တွင်းလမ်းဆုံမီးပွိုင့်များတွင် ယခင်ကထက် အစစ်အဆေးတင်းကျပ်နေကြောင်း မုံရွာမြို့ခံနှစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၂ ကလည်း မုံရွာမြို့ပေါ် ပြည်ထောင်စုလမ်းမပေါ် ရွှေဝါရောင်မီးပွိုင့်ရှိ ယာဉ်ထိန်းရဲကင်းတွင် ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံခဲ့ရပြီး စက်တင်ဘာ ၉ တွင် မုံရွာမြို့အဝင် ဘိုးဘွားရိပ်သာအနီးရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ် လက်လုပ်မိုင်း အခွဲခံရပြီး ရဲတစ်ဦး သေဆုံးခဲ့သည်။ 

မုံရွာမြို့ သလ္လာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းကို ဇူလိုင် ၂၀ က ဓားဖြင့် ထိုးသတ်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အသက် ၆၀ အရွယ် ကဗျာဆရာ၊ ပရဟိတသမားတစ်ဦး မေ ၁၄ ၌ ခေါင်းပေါ် ဓာတ်ဆီလောင်းမီးရှို့၍ သတ်ဖြတ်ခံခဲ့ရသည်။ 

စစ်ကိုင်းတိုင်း၏ မြို့တော် မုံရွာတွင် လူထောင်သောင်းချီ ပါဝင်သော စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းခဲ့ပြီး ယနေ့ထိတိုင်လည်း ဆန္ဒပြမှုအချို့ ရှိနေဆဲဖြစ်သည်။ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံတော်လှန်မှုအားကောင်းနေသည့် စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အပြင်းအထန်ဖိနှိပ်နေသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles