ရုပ်သံသတင်း

တပ်မိသားစု အမျိုးသမီးတွေ ဘယ်လို လူ့အခွင့်အရေးချိုးဖောက်ခံနေရသလဲ

အာဏာသိမ်းစစ်ကောင်စီက သူတို့ကိုဆန့်ကျင်နေတဲ့ ပြည်သူတွေကိုသာမကဘဲ သူ့ရဲ့တပ်တွင်းက မိသားစုတွေကိုပါ လူ့အခွင့်အရေးချိုးဖောက်နေတဲ့အကြောင်းကို CDM ဗိုလ်ကြီးတစ်ဦးရဲ့ ဇနီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တိုက်ပွဲမှာ စစ်သားတစ်ယောက်သေဆုံးသွားရင် ကျန်ရစ်တဲ့ သူ့မိသားစုတွေ တပ်လိုင်းခန်းတွေက ဆင်းသွားရတာ၊ မြေပြင်မှာ ခိုးဆိုးလုနှိုက် ကျူးလွန်နေတဲ့ စစ်သားတွေရဲ့ စိတ်နေစိတ်ထား၊ လက်ရှိ တပ်တချို့မှာ စစ်သားတွေရဲ့ ဇနီးတွေပါ ထွက်ပြေးနေကြတဲ့အကြောင်းတွေကို CDM မှာ ပါဝင်နေတဲ့ ဗိုလ်ကြီးထက်မြက်ရဲ့ဇနီးဖြစ်သူ မစုသစ်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/De-nelcXqg0]

Show More

Related Articles

Back to top button