ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ မြောက်ဘက် ၃ မိုင်ခန့် အကွာရှိ ကသဲ(ရွှေပြည်အေး) ရွာတွင် အောက်တိုဘာ ၂၇ ရက်က စစ်တပ်ဖမ်းသွားသည့် ရွာသား ၁၉ ဦးနှင့် ပတ်သက်၍ တစ်ပတ်ကျော်ကြာသည်အထိ သတင်းစုံစမ်းမရသေး၍ အသက်အန္တရာယ်စိုးရိမ်မိကြောင်း မိသားစုဝင်အချို့က ပြောသည်။
နေပြည်တော်နှင့် လေးနာရီသာ ခရီးဝေးကွာသည့် ဖယ်ခုံမြို့နယ်တွင် ထိုးစစ်ဆင်နေသော စစ်ကောင်စီက အရပ်သား ၁၉ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု ဖမ်းသွားသည်မှာ တစ်ပတ်ကျော်ကြာပြီဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/eLZZUq5E4tc]