ရုပ်သံသတင်း

ရထား CDM ဝန်ထမ်းတချို့ လက်နက်ကိုင်တိုက်ပွဲအတွက် အသင့်ဖြစ်နေ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် အင်အားအကောင်းဆုံးပါဝင်ခဲ့သည့် မြန်မာ့မီးရထားဝန်ထမ်းများသည် ဖိနှိပ်မှုပေါင်းစုံနှင့် ကြုံတွေ့ခဲ့ရပြီးနောက် မီးရထားဝန်ထမ်းတချို့သည် စစ်ကောင်စီကိုလက်နက်စွဲကိုင်တိုက်ခိုက်ရန် ပြင်ဆင်လာကြသည်။

မြန်မာ့မီးရထားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myanmar Railways People’s Defence Force) အမည်ဖြင့် စက်တင်ဘာ ၂၅ တွင် တပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ပြီး CDM လုပ်ထားသည့် မီးရထားဝန်ထမ်းများကို အဓိကကာကွယ်ပေးမည်၊ စစ်ကောင်စီနှင့်ပူးပေါင်းပြီး CDM ဝန်ထမ်းများကို ဒုက္ခပေးသူများကို တိုက်ခိုက်သွားမည်ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/shzrWo24nac]

Related Articles

Back to top button