
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကြောင်းလုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ (အောက်တိုဘာ ၂၆) ၌ ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး စစ်ကား ၂ စီး ပျက်စီးသွားသည်ဟု KNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကရင်နီဒေသကို ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်သည် ဒေသခံများ၏ နေအိမ်များကို ဖောက်ထွင်းလုယက်နေပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။
[youtube https://youtu.be/2Fj0DPpTOhA]