အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပလိပ်တွင် ရထားလမ်း မိုင်းခွဲခံရပြီး လာစစ်ဆေးသည့်ကားပါ မိုင်းဆွဲခံရ

မန္တလေးတိုင်း၊ ပလိပ်နှင့် စဉ့်ကိုင်မြို့အကြား ယနေ့ (အောက်တိုဘာ ၁၄) မနက်ပိုင်း ပေါက်ကွဲမှုဖြစ်ခဲ့သော မီးရထားလမ်းကို သွားရောက်ကြည့်ရှုသည့် စစ်ကောင်စီတပ်ဖွဲ့ကားတစ်စီး မိုင်းဆွဲခံရသဖြင့် သေဆုံးထိခိုက်မှုများနိုင်သည်ဟု စဉ့်ကိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တစ်ဦးက ပြောသည်။ 

ပလိပ်မြို့အထွက် မီးရထားလမ်းအနီး ရောက်လာသော ထိုကားပေါ်တွင် စစ်သားနှင့်ရဲ ၁၀ ဦး ကျော် လိုက်ပါလာသည်ဟု ၎င်းက ဆိုသည်။

“ကားထဲပါတဲ့ တပ်သားတွေ တစ်စီးလုံးလွင့်ထွက်သွားတယ်။ အနည်းဆုံး ၁၀ ဦး ကျတယ်ဗျ။ ပြီးတော့ သူတို့ (စစ်တပ်) ကားတွေနဲ့ပဲ လာကောက်သွားတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယနေ့မနက် ရထားလမ်းကို ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကြောင်း အထက်ပါစဉ့်ကိုင် PDF တပ်ဖွဲ့ဝင်၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်မပြုနိုင်သေးပေ။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အမည်မဖော်လိုသော ပလိပ်မြို့ဒေသခံတစ်ဦးက ယနေ့ မနက်အစောပိုင်းက ပလိပ်မြို့အထွက် ဆီဆိုင်တစ်ခုအနီး ရှိနေစဉ် ကျယ်လောင်သောအသံ ၂ ချက် တစ်နာရီခန့် ခြားကာ ကြားလိုက်ရပြီးနောက် ရထားလမ်းမိုင်းခွဲခံရသည်ဟု သိရကြောင်း ပြောသည်။ 

“အသံပဲ ကြားလိုက်တယ်။ နည်းနည်းလှမ်းတော့ သွားမကြည့်လိုက်ရဘူး။ စစ်သားတော်တော်များများ ထိတယ်လို့ ကြားတာပဲ” ဟု ထိုဒေသခံက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၅ က မန္တလေးမှ ရန်ကုန်ဘက်သို့ ခုတ်မောင်းလာသည့် စစ်ကောင်စီ၏ ထောက်ပို့ရထားတစ်စီးကို မြစ်သားမြို့အထွက် စမာတံတားအနီး မြစ်သား PDF က မိုင်းထောင်ဖောက်ခွဲခဲ့သည်။

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေး- ပြင်ဦးလွင်ရထားလမ်းပိုင်း အမှတ်(၉) တံတားတွင်လည်း အောက်တိုဘာ ၈ က ပေါက်ကွဲမှုဖြစ်ခဲ့သည်။

အောက်တိုဘာအတွင်း ရထားလမ်းတိုက်ခိုက်ခံရမှုအနေဖြင့် မန္တလေးတွင် ၂ ကြိမ် နှင့် ကျောက်ဆည်ခရိုင်တွင် ၃ ကြိမ် ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်က သယ်ယူပို့ဆောင်ရေးတွင် ရထားကို အသုံးပြုနေသောကြောင့် ဖောက်ခွဲတိုက်ခိုက်ရခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟု မန္တလေးတိုင်းအတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောဆိုထားသည်။

မြန်မာ့မီးရထားမှ ဝန်ထမ်းအများစုသည် စစ်အာဏာရှင်အမိန့် ဖီဆန်သည့် CDM (Civil Disobedience Movement) လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့ကြသောကြောင့် တစ်နိုင်ငံလုံးနီးပါး ရထားပြေးဆွဲမှု ရပ်ဆိုင်းနေသည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button