အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးမြို့တွင်း၌ စစ်တပ်နှင့် PDF အပြန်အလှန်ပစ်ခတ်မှုဖြစ်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ယနေ့ (အောက်တိုဘာ ၁၁) နံနက်ပိုင်းက အခြေခံပညာကျောင်းတွင် တပ်စွဲထားသည့် စစ်သားများနှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်များ အပြန်အလှန်ပစ်ခတ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်အရှေ့ပိုင်းရှိ အမှတ် ၃၅ အထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်သားများကို PDF က ဗုံးဖြင့် လာရောက်ပစ်ခတ်စဉ် အပြန်အလှန်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ မြရည်နန္ဒာရပ်ကွက်၊ ၅၃ ၃နှင့် ၅၄ ၄ လမ်းကြား၊ ၁၁၃ နှင့် ၁၁၄ လမ်းကြားရှိ စာသင်ကျောင်းတွင် စစ်တပ်က စက်တင်ဘာလလယ်ပိုင်းကတည်းက တပ်စွဲထားခြင်းဖြစ်သည်။ 

“PDF တွေ ထင်တယ်။ ဘယ်အဖွဲ့လဲ ဆိုတာတော့ မသိရဘူး။ ဆိုင်ကယ်တွေနဲ့ စစ်သားတွေ တပ်စွဲထားတဲ့အထဲ ဗုံးနဲ့ လာပစ်ကြတာ”ဟု အဆိုပါ စာသင်ကျောင်းအနီးနေထိုင်သူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

ဆက်လက်၍ ထိုသူကပင် “ပေါက်ကွဲသံလည်းကြားလို့ ထွက်ကြည့်တော့ စစ်သားတွေက သေနတ်တွေနဲ့ လိုက်ပစ်ကြတာ။ အဲ့ဒီမှာ ဗုံးလာပစ်တဲ့အဖွဲ့ကလည်း သေနတ်နဲ့ ပြန်ပစ်ရော။ ပြန်လည်းပစ်ခံရရော သူတို့တပ်စွဲထားတဲ့ စာသင်ကျောင်းထဲကို ပြန်ပြေးဝင်လာကြတယ်”ဟု ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူရှိမရှိ မသိရသော်လည်း အပြန်အလှန်ပစ်ခတ်ရာတွင် နှစ်ဖက်လုံးထိခိုက်သည်ကို မတွေ့ရကြောင်း ရပ်ကွက်တွင်းနေထိုင်သူများက ဆိုသည်။ 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်နည်းတူ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

မန္တလေးမြို့တွင် အခြေစိုက်စုဖွဲ့ထားကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီအုပ်ချုပ်ရေး၏ ထောက်တိုင်များဖြစ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဒလန်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေသည်။  

မန္တလေးမြို့တွင် ယနေ့အချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ရှိနေဆဲဖြစ်ကာ စစ်ကောင်စီ၏ ရဲကင်းစခန်းနှင့် စစ်တပ်တပ်စွဲရာများလည်း မကြခဏ ဗုံးဖြင့် တိုက်ခိုက်ခံနေရသည်။ 

စက်တင်ဘာ ၇ တွင် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်ရှိ စစ်ကောင်စီရဲကင်းစခန်း ဗုံးဖြင့် တိုက်ခိုက်ခံရပြီး စစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းနေ့ညနေပိုင်း၌ မန္တလေးတောင်ခြေရှိ တပ်ရင်းတစ်ခုအတွင်း ဗုံးပစ်ထည့်ခံရသဖြင့် စစ်သားနှစ်ဦး သေဆုံးခဲ့သည်။ 

စစ်ကောင်စီကလည်း ၎င်းတို့ကို ဆန့်ကျင်တော်လှန်နေကြသည့် ဆန္ဒပြသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့် ထောက်ပံ့သူများအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထောက်ခံသူများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးသတ်ဖြတ်လျက်ရှိသည်။

ထို့ပြင် စစ်ကောင်စီက မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း နေ့ရောညပါ ဝင်ရောက်စီးနင်းရှာဖွေခြင်း၊ ပစ်ခတ်ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။

ယမန်နေ့ (အောက်တိုဘာ ၁၀ ) ညဉ့်နက်ပိုင်းကလည်း ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းတောင်ဘက်၊ ၆၂ လမ်း အရှေ့ဘက်ခြမ်းရှိ ရပ်ကွက်များအတွင်း ဝင်ရောက်ပြီး လူရှာဖွေစဉ် သေနတ်အချက်ပေါင်းများစွာ ပစ်ခတ်သံများကို ကြားခဲ့ကြရကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။

“ဘာလုပ်မှန်းလည်း မသိရဘူး။ လူရှာတာလို့တော့ ကြားတယ်။ ညကြီး၊ ၁၂ ကျော်လောက်မှာ သေနတ်တွေ အဆက်မပြတ်ပစ်တာ။ ဆူညံနေတာ။ အချက်‌ပေါင်း ၃၀၊ ၄၀ လောက် ရှိမှာပဲ” ဟု အဆိုပါရပ်ကွက်နေ အမျိုးသားတစ်ဦးက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၇ ရက်တွင် ခုခံတော်လှန်စစ်စတင်ကြောင်း ကြေညာပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများအပြင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ ဒေသအချို့တွင် စစ်ကောင်စီကို ခုခံသော တိုက်ပွဲများ ဖြစ်ပွားနေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles