အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘူးသီးတောင်မှ ရိုဟင်ဂျာ ၂ ဦးကို စစ်တပ် ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ဂူတာပြင်ကျေးရွာအုပ်စု၊ စိမ့်ညှင်းပြား‌စျေး၏ စျေးကော်မတီဝင် အမျိုးသားနှစ်ဦးကို ယမန်နေ့ (စက်တင်ဘာ ၂၄) တွင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ ဂူတာပြင်ကျေးရွာနေ စိမ့်ညှင်းပြားစျေးကော်မတီဝင် အသက် ၅၀ အရွယ်ရှိ မိုဟာမတ်အာယုပ်နှင့် အသက် ၄၈ နှစ်အရွယ် ကာဒဲရ် တို့ဖြစ်ကြောင်း ဂူတာပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကျော်လှက အတည်ပြုသည်။

“စစ်တပ်က ခေါ်ယူသွားတာလို့ ဆိုပါတယ်။ ခေါ်ယူသွားတာက ဘူးသီးတောင်ဘက်ကို ခေါ်ယူသွားတယ်။ ကျွန်တော်သိရတာက ဗျူဟာဘက်သို့ ခေါ်ယူသွားတယ်လို့ ကြားတယ်” ဟု ၎င်းက ဆိုသည်။

စိမ့်ညှင်းပြားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီဒီအာမတ်ကလည်း အလားတူ ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဘူးသီးတောင်အခြေစိုက်ဗျူဟာက ခေါ်သွားတာပါ။ ဘာကြောင့်ခေါ်သွားတယ်ဆိုတာကို ကျွန်တော်တို့လည်း မသိပါ” ဟု ဦးဆီဒီအာမတ်က ပြောသည်။

“အရင်တုန်းကတော့ ရန်ငြိုးရန်စလူတော့ ရှိရင်ရှိမယ်။ သူတို့မှာ ရန်ငြိုးရန်စရှိခဲ့မယ်ဆိုရင်တောင် ထောင်ကျနိုင်လောက်တဲ့အထိ ရန်ငြိုးရန်စမရှိပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က လူကောင်းတွေဖြစ်တယ်” 

ဖမ်းဆီးခံရသူနှစ်ဦးနှင့် ပတ်သက်ပြီး အာမခံချက်ပေးရမည်ဆိုလျှင် ကျေးရွာသားများက အာမခံပေးရန် အဆင်သင့်ရှိကြောင်း ဦးဆီဒီအာမတ်က ဆက်ပြောသည်။

၎င်းတို့ နှစ်ဦးအနက် မိုဟာမတ်အာယုပ်ဆိုသူသည် ဂူတာပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး ၎င်းတို့ကို စစ်တပ်အင်အား ၄၀ ခန့်ဖြင့် လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု မျက်မြင်များက ပြောသည်။

အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ် (ARSA) အဖွဲ့ကို ရိက္ခာထောက်ပံ့သည်ဟု စွပ်စွဲ၍ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းများထွက်ပေါ်နေသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။ 

ဂူတာပြင်ကျေးရွာသည် ၂၀၁၇ ရခိုင်ပြည်နယ်ပဋိပက္ခကာလအတွင်း ရိုဟင်ဂျာရွာသားများ ရာနှင့်ချီ သတ်ဖြတ်ခံရသည့် ကျေးရွာတစ်ရွာဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းက မွတ်စလင်များအပါအဝင် ကျေးရွာတာဝန်ခံ ၆ ဦးခန့်ကို စစ်ကောင်စီတပ်က ပီရွက်ကျေးရွာ၊ စေတီတောင်ဓမ္မာရုံသို့ ခေါ်ယူပြီး ရက္ခိုင့်တပ်တော် (AA) ကို ရိက္ခာနှင့် ငွေကြေး မထောက်ပံ့ရန် သတိပေးထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button