အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ရဟန်းဘဝကို စွန့်ပြီး လက်နက်စွဲကိုင်လာတဲ့ သံဃာတော်အများအပြားရှိလာ

စစ်ကောင်စီကို တော်လှန်ရန် ရဟန်းဘဝကိုစွန့်ပြီး လက်နက်စွဲကိုင်လာသည့် သံဃာတော်အရေအတွက် ၁၀ပါးကျော် ရှိလာသလို လူမထွက်ဘဲ တော်လှန်ရေးအတွက် ထောက်ပံ့ကူညီပေးနေသည့် သံဃာတော်များလည်း များစွာရှိနေသည်ဟု နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသည့် သံဃာတော်များက မိန့်ကြားသည်။

ပရိယတ္တိစာပေ လေ့လာလိုက်စားနေသည့် သံဃာတော်များ လက်နက်ကိုင်နေရသည်ကို စိတ်မကောင်းသော်လည်း စစ်အာဏာရှင်ကြောင့် ပြည်သူကိုကာကွယ်ရန် ရွေးချယ်ခဲ့သည့် ထိုလုပ်ရပ်အပေါ် လေးစားကြောင်းနှင့် တော်လှန်ရေးပြီးသည့်အခါ သင်္ကန်းဝတ်ဖြင့်သာ ပြန်မြင်လိုကြောင်း မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာတော်တစ်ပါးက မိန့်သည်။

[youtube https://youtu.be/CQL0_OE8l3s]

Related Articles

Back to top button