ရုပ်သံသတင်း

NUG ၏ ကြေညာချက်ကို တိုင်းရင်းသားအဖွဲ့များ ကြိုဆို

စစ်အာဏာရှင်ကို ပြည်သူများအနေဖြင့် လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ဆန့်ကျင်တော်လှန်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၇ ရက်နေ့တွင် ကြေညာလိုက်ပြီး တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များက ဤကြေညာချက်ကို ကြိုဆိုလိုက်ကာ စစ်အာဏာရှင်ကို တိုက်ခိုက်သွားမည်ဟုမြန်မာနောင်းကို ပြောဆိုခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်ရန် စတင်ကြေညာ လိုက်တဲ့နေ့တွင် KNU တပ်မဟာ ၄ နယ်မြေဖြစ်သည့် တနင်္သာရီတိုင်း ပုလော‌မြို့နယ်နှင့် သရက်ချောင်းမြို့နယ် ဒေသများတွင် ကရင်အမျိုးသားအစည်းအရုံး KNU နဲ့အတူ PDF တပ်ဖွဲ့တွေပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပါသည်။

[youtube https://youtu.be/f0o_mYeTgdM]

Show More

Related Articles

Back to top button