အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးမြို့တွင် ရဲကင်းတစ်ခု ဗုံးဖြင့်တိုက်ခိုက်ခံရ 

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်ရှိ စစ်ကောင်စီရဲကင်းတစ်ခုကို ဆိုင်ကယ်ဖြင့် လာရောက်ကာ ဗုံးပစ်တိုက်ခိုက်သည့်အတွက် အနည်းဆုံးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။ 

“ရဲကင်းရဲ့ဘေးက ဓမ္မာရုံမှာ စစ်သားတွေ တပ်စွဲထားတာ။ မတ်လ ၂၈ ရက်နေ့လောက်ကတည်းကပဲ။ အဲ့ဒီဓမ္မာရုံကို ဆိုင်ကယ်နဲ့လာပြီး ဗုံးနဲ့ပစ်သွားတာ။ နှစ်ယောက်တော့ ထိသွားတယ်လို့ သိရတယ်။ ဘယ်လောက်ထိသလဲတော့ မသိရဘူး။ ဟိုကောင်တွေက လာပစ်တဲ့ကလေးတွေကို သေနတ်နဲ့လိုက်ပစ်တာ၊ ဘယ်သူမှတော့ မထိဘူး” ဟု ရပ်ကွက်နေအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

မန္တလေးမြို့တွင် ယနေ့ အဆိုပါတိုက်ခိုက်မှုအပြင် မြို့တွင်းနှစ်နေရာနှင့် စက်မှုဇုန်ဘက် တစ်နေရာတို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသော်လည်း လတ်တလော အသေးစိတ်အခြေအနေ မသိရသေးပေ။ 

ယမန်နေ့ညပိုင်းတွင်လည်း ချမ်းမြသာစည်မြို့နယ်အရှေ့ပိုင်းတွင် စစ်တပ်သတင်းပေး (ဒလန်) ဟု ယူဆရသူ အမျိုးသမီးတစ်ဦး၏ နေအိမ် ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီးနောက် ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များက အောင်ပင်လယ်၊ အောင်သာယာ၊ စိန်ပန်းရပ်ကွက်များအတွင်း ဝင်ရောက်ရှာဖွေမှုများလုပ်ခဲ့ ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေးစတင်ပြီဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ကြေညာပြီးနောက် မန္တလေးမြို့တွင် ထိုကဲ့သို့ ဗုံးခွဲတိုက်ခိုက်မှုအချို့ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကလည်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

မန္တလေးမြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချတပ်စွဲထားရာ နေရာများတွင် ယခင်ရက်များက အစောင့်အင်အား သုံးဦးခန့်သာရှိသော်လည်း ယနေ့တွင် ငါးဦးခန့်အထိရှိနေပြီး လက်နက်များ အဆင်သင့်အနေအထားကိုင်တွယ်ထားကာ ယခင်ရက်များထက် သတိပိုထားနေသည်ကို တွေ့ရှိရသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button