ရုပ်သံသတင်း

ကနီမြို့တွင် ၁၄ နှစ်သားအပါအဝင် အရပ်သား ၁၂ ဦး အစုလိုက်အပြုံလိုက်အသတ်ခံရ

ဇူလိုင် ၂၆ နှင့် ၂၇ တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ တောင်ပေါက်ရွာနှင့် အနီးပတ်ဝန်းကျင်ရွာများသို့ စစ်တပ်က ရောက်ရှိလာပြီး ဒေသခံတချို့ကို ဖမ်းခေါ်သွားရာ ဖမ်းခံရသည့်နောက်တစ်ရက်မှစ၍ ရွာသားများက လိုက်လံရှာဖွေခဲ့ရာမှတောင်ပေါက် (အရှေ့ရွာ) အနီး တောထဲ၌ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ညှဉ်းပန်းနှိပ်စက်ဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရသည့် အရပ်သားအလောင်း ၁၂ လောင်းကို ဇူလိုင် ၃၀ နေ့လယ်ပိုင်း၌ အစုလိုက် အပြုံလိုက် တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုလိုအစုလိုက်အပြုံသတ်ဖြတ်မှုသည် ကနီမြို့နယ်အတွင်း တတိယအကြိမ်မြောက်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၀ ၌ ၁၆ ဦးကို ပထမအကြိမ်အဖြစ်လည်းကောင်း၊ ၂၇ ရက်နေ့၌ ၁၂ ဦးကို ဒုတိယအကြိမ်အဖြစ်လည်းကောင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများတွေ့ရှိရသည်။ ယခုလို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိခဲ့ပေ။

[youtube https://youtu.be/Jl5xJZ8uXfI]

Show More

Related Articles

Back to top button