အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကနီမြို့တွင် ၁၄ နှစ်သားအပါအဝင် အရပ်သား ၁၂ ဦး အစုလိုက်အပြုံလိုက်အသတ်ခံရ

ဇူလိုင် ၂၆ နှင့် ၂၇ တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ တောင်ပေါက်ရွာနှင့် အနီးပတ်ဝန်းကျင်ရွာများသို့ စစ်တပ်က ရောက်ရှိလာပြီး ဒေသခံတချို့ကို ဖမ်းခေါ်သွားရာ ဖမ်းခံရသည့်နောက်တစ်ရက်မှစ၍ ရွာသားများက လိုက်လံရှာဖွေခဲ့ရာမှတောင်ပေါက် (အရှေ့ရွာ) အနီး တောထဲ၌ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ညှဉ်းပန်းနှိပ်စက်ဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရသည့် အရပ်သားအလောင်း ၁၂ လောင်းကို ဇူလိုင် ၃၀ နေ့လယ်ပိုင်း၌ အစုလိုက် အပြုံလိုက် တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုလိုအစုလိုက်အပြုံသတ်ဖြတ်မှုသည် ကနီမြို့နယ်အတွင်း တတိယအကြိမ်မြောက်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၀ ၌ ၁၆ ဦးကို ပထမအကြိမ်အဖြစ်လည်းကောင်း၊ ၂၇ ရက်နေ့၌ ၁၂ ဦးကို ဒုတိယအကြိမ်အဖြစ်လည်းကောင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများတွေ့ရှိရသည်။ ယခုလို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိခဲ့ပေ။

[youtube https://youtu.be/Jl5xJZ8uXfI]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button