အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဦးမင်းအောင်လှိုင် ကို ဗိုလ်ချုပ်ကြီးရဲဝင်းဦး အာခံရဲမလား

ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ တပ်ချုပ်သက်တမ်း သုံးလကျော်ရှိလာပေမယ့် စစ်တပ်အတွင်း အာဏာဗဟိုချက်က တကယ်ပြောင်းသွားပြီလားဆိုတဲ့ မေးခွန်းကတော့ ဆက်ရှိနေဆဲပါ။ လေ့လာသူအများစုကတော့ လက်ရှိအခြေအနေမှာ ဗိုလ်ချုပ်ကြီးရဲဝင်းဦးအနေနဲ့ ဦးမင်းအောင်လှိုင်ကို အာခံပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ဖြစ်နိုင်ခြေနည်းတယ်လို့ သုံးသပ်ကြပါတယ်။

ဒါပေမယ့် မြန်မာစစ်တပ်သမိုင်းကို ပြန်ကြည့်ရင် တပ်ချုပ်ရာထူးရရှိသူတွေဟာ အချိန်ကြာလာတာနဲ့အမျှ ကိုယ်ပိုင်ဩဇာနဲ့ အာဏာကို တဖြည်းဖြည်း တည်ဆောက်လာခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်လည်း ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ အဲဒီလမ်းကြောင်းအတိုင်း အာဏာကို တိုးချဲ့တည်ဆောက်လာခဲ့သူ ဖြစ်ပါတယ်။

ဒါဆိုရင် ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာလည်း အချိန်ကြာလာတာနဲ့အမျှ ကိုယ်ပိုင်အာဏာ တည်ဆောက်နိုင်မလား၊ ဒါမှမဟုတ် ဟန်ပြတပ်ချုပ်တစ်ဦးအဖြစ်ပဲ ဆက်ရှိနေမလား။ ဒီမေးခွန်းရဲ့ အဖြေကိုတော့ လာမယ့်လတွေနဲ့ နှစ်အနည်းငယ်အတွင်း မြန်မာ့နိုင်ငံရေးနဲ့ စစ်တပ်အတွင်း အပြောင်းအလဲတွေကပဲ ဖော်ပြပေးသွားပါလိမ့်မယ်။

စထွန်းအောင် / Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button