အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးမြို့ အမှတ် ၁ ရဲစခန်းတွင် ပေါက်ကွဲမှုဖြစ် 

ယနေ့ (ဩဂုတ် ၉) မွန်းမတည့်မီ မန္တလေးမြို့ အမှတ် ၁ ရဲစခန်းတွင် ပေါက်ကွဲမှု၊ ပစ်ခတ်မှုများဖြစ်ပွားသော်လည်း သေဆုံးထိခိုက်သူမရှိကြောင်း အဆိုပါရပ်ကွက်တွင်းနေထိုင်သူများထံမှ သိရသည်။

ဗုံးပေါက်ကွဲသံထွက်ပေါ်ပြီးနောက် သေနတ်သံများကြားရသည်ဟု ရဲစခန်းအနီး ဆိုင်ဖွင့်ထားသည့် လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

“၁၁ ခွဲဝန်းကျင်လောက်ဖြစ်မယ်၊ အုန်းဆိုပြီး ရဲစခန်းဘက်က ပေါက်ကွဲသံကြားရပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ သေနတ်သံတွေ လေး၊ ငါးခြောက်ချက်ထွက်လာတယ်။ ဗုံးပစ်သွားလို့ သေနတ်နဲ့ လိုက်ပစ်တာလား၊ ဗုံးကို ထောင်ထားခဲ့ပြီး လှမ်းပစ်တာလားဆိုတာမျိုးတော့ ကျွန်တော်တို့လည်း မသိရဘူး၊ ဗုံးကွဲပြီး ခဏကြာတော့ ၁၉ လမ်းကြီးတစ်လျှောက်ကို ပိတ်ပစ်လိုက်တာပဲ”ဟု ယင်းအမျိုးသားက ဆိုသည်။

အခြားအမျိုးသားတစ်ဦးကလည်း အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့၊ အနှိပ်တော်ရပ်ကွက်၊ ၁၉ လမ်းနှင့် ၆၀-၆၁ လမ်းကြားရှိ  အဆိုပါ ရဲစခန်းဘက်မှ ပေါက်ကွဲသံကြားရသည်ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျွန်တော်လမ်းပေါ်ထွက်ကြည့်တော့ ရပ်ကွက်ထဲကလူတွေ လမ်းပေါ်မရှိဘူး။ စစ်သားနဲ့ ရဲတွေပဲ၊ အရပ်ဝတ်တွေရော၊ ယူနီဖောင်းဝတ်တွေရော၊ လမ်းဘေးရပ်ကွက်တွေထဲ ပတ်နေတာပဲရှိတော့တယ်။ ၁၉ လမ်းမကြီးပေါ်မှာလည်း ပြည့်နေတယ်။ လူနာတင်ကားတချို့နဲ့ ကယ်ဆယ်ရေးအဖွဲ့တချို့ သွားလာနေတာလည်း တွေ့ခဲ့ရတယ်”ဟု ပေါက်ကွဲမှုဖြစ်ပြီး မိနစ်ပိုင်းအကြာတွင် မြင်တွေ့ရသည့်အခြေအနေများကို ၎င်းက ပြောပြသည်။

ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ သွားရောက်ခဲ့သည့် လူမှုကယ်ဆယ်ရေးလုပ်အားပေးတစ်ဦးကလည်း ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ၊ ရဲစခန်းရှေ့တည့်တည့်တွင် ရှိသည့် ညောင်ပင်သာ ထိခိုက်ထားသည်ကို တွေ့ခဲ့ရကြောင်း၊ သေနတ်ပစ်ခတ်မှုကြောင့်လည်း ထိခိုက်ဒဏ်ရာရရှိသူများ မတွေ့ခဲ့ရကြောင်း ပြောသည်။

ရဲစခန်းရှေ့ ဘန်ကာနှစ်ခုတွင် အများအားဖြင့် ရဲများကို တွေ့ရပြီး တစ်ခါတစ်ရံ စစ်သားကို တွေ့ရှိရကြောင်း ရပ်ကွက်ဒေသခံတို့က ဆိုသည်။

ရဲစခန်းရှေ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း မန္တလေးမြို့အခြေအနေ တည်ငြိမ်နေပြီး မြို့အတွင်း စစ်ဆေးမှုအနည်းငယ်သာ တွေ့ရသည်။ 

ပေါက်ကွဲမှု၊ ပစ်ခတ်မှုတို့နှင့်ပတ်သက်ပြီး ထိုရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button