အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် တမနက်အတွင်း သပိတ်အဖွဲ့ဝင် ၁၂ ဦး ဖမ်းဆီးခံရ

မန္တလေးမြို့၊ စစ်အာဏာရှင်ဆန့်ကျင်သူများရှိရာ နေရာနှစ်ခုကို ယနေ့( ဇူလိုင် ၃၁) နံနက်ပိုင်းက စစ်တပ်နှင့် ရဲက ဝင်ရောက်စီးနင်း၍ အကြမ်းဖက်ဖမ်းဆီးသဖြင့် ၁၂ ဦးဖမ်းဆီးခံလိုက်ရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် သပိတ်ခေါင်းဆောင်တစ်ဦးက အတည်ပြုသည်။

မဟာအောင်မြေမြို့နယ်အတွင်း လှည့်လည်ဆန္ဒပြနေသည့် မန္တလာတက္ကသိုလ်သပိတ်စစ်ကြောင်း လူစုခွဲ၍ အိမ်ပြန်ချိန် နံနက် ၆ နာရီဝန်းကျင်၌ လူငယ် ၃ ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးကို အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က အိမ်စီးကားဖြင့် တိုက်၍ ဖမ်းခဲ့ရာတွင် အသက် ၁၇ အရွယ် မောင်ဇင်မျိုးခန့် ဖမ်းဆီးခံလိုက်ရကြောင်း ၎င်းက အတည်ပြုသည်။

အဆိုပါဖြစ်စဉ်အပြီး နာရီပိုင်းအကြာ( နံနက် ၈နာရီခွဲခန့်)တွင် ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ရပ်ကွက်ရှိ သပိတ်စစ်ကြောင်းအဖွဲ့ဝင်များ စုစည်းနေထိုင်ရာ နေအိမ်တစ်လုံးကို စစ်တပ်နှင့် ရဲ ၃၀ ဦးခန့်က ပိတ်ဆို့၊ ပစ်ခတ် စီးနင်းခဲ့ပြန်သဖြင့် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု အထက်ပါ သပိတ်ခေါင်းဆောင်ကပင် ပြောသည်။

“သူတို့က မြတောင်စစ်ကြောင်းတင်မဟုတ်ဘူး။ သပိတ်စစ်ကြောင်းတွေမှာ လိုက်နေတဲ့ လူငယ်တွေပါ။ တစ်ယောက်ထိသွားတယ်လို့ သိရတယ်။ ဘယ်နေရာမှာကျည်ထိလဲတော့ မသိရသေးဘူး။ အနီးတဝိုက်မှာ နေတဲ့သူတွေပြောပြတာကတော့ ကျည်ထိတဲ့သူကို စစ်ကားပေါ်တင်သွားတယ်လို့ ပြောတယ်”ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယနေ့ နံနက်ခင်း၌ပင် ဖမ်းဆီးခံခဲ့ရသူများမှာ ဇူလိုင် ၂၇ ရက်က သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခံရပြီး ဦးခေါင်းသေနတ်မှန်ဒဏ်ရာဖြင့် သေဆုံးကာ စစ်ကောင်စီက အလောင်းပင်ပြန်မပေးသည့် အသက် ၂၅နှစ်အရွယ် မသူသူဇင်နှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားခဲ့ကြဖူးသူများဖြစ်ကြောင်း ထိုသူက ဆက်ပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပုသိမ်ကြီးမြို့နယ်အတွင်း သပိတ်စစ်ကြောင်းများ၌ ပါဝင်လှုပ်ရှားနေသူများကို ပိုက်စိပ်တိုက် ဆက်လက်ဖမ်းဆီးနေသည်ဟု ၎င်းက ဆိုသော်လည်း အခြေအနေ‌အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပါ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ယနေ့တိုင် နေ့စဉ်ရက်ဆက် ပြင်းပြင်းထန်ထန်ဆန့်ကျင်နေသည့် မန္တလေးမြို့တွင် စစ်ကောင်စီက ရက်စက်စွာနှိမ်နင်းနေပြီး သေဆုံးသူများကို အလောင်းပြန်မပေးသည့်ဖြစ်စဉ်များ၊ ဖမ်းဆီးခံရပြီး အစအနပင်စုံစမ်း၍ မရသေးသည့် ဖြစ်စဉ်များပေါ်ပေါက်နေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button