အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သပိတ်ကျင်းငလျင်​ကြောင့် ​ရေဦးရှိ ဘုန်းကြီး​ကျောင်းတွင် အုတ်တံတိုင်းပြို

မန္တ​လေးတိုင်း၊ သပိတ်ကျင်းမြို့အနီး ဗဟိုပြု၍ အင်အားပြင်းထန်​သော ​မြေငလျင်တစ်ခု ယ​နေ့ (ဇူလိုင် ၂၉) ည​နေ ၃ နာရီ ၉ မိနစ်တွင် လှုပ်ခတ်ခဲ့ရာ ငလျင်ဒဏ်ကြောင့် ​စစ်ကိုင်းတိုင်း ရေဦးမြို့ရှိ မင်္ဂလာရာမပရိယတ္တိစာသင်တိုက်၊ အုတ်တံတိုင်းတွင် အခန်း ၁၀ ခန်း ပြိုကျပျက်စီးခဲ့သည်။

သပိတ်ကျင်းမြို့ အ​ရှေ့​တောင်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ ပြင်းအား ၆ ဒသမ ၃ ရှိ အင်အားပြင်းထန်​သော ​မြေငလျင်လှုပ်ခတ်သွား​ကြောင်း မိုး​လေဝသနှင့်ဇလ​ဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ 

မြေငလျင်သည် ​မြေအနက် ၁၀ ကီလိုမီတာ (၆ မိုင်​ကျော်) တွင် ဗဟိုပြုလှုပ်ရှားခြင်းဖြစ်​ပြီး၊​​ ပိုမိုဖျက်ဆီးနိုင်စွမ်းရှိပြီး အန္တရာယ်ပို​ကြီး​မားသော ဇောက်တိမ်ငလျင်အမျိုးအစားဖြစ်ကြောင်း ငလျင်ပညာရှင်များက​ ဆိုသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကို မန္တ​လေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နှင့် မ​ကွေးတိုင်းရှိ မြို့နယ်များတွင် ​သိရှိခံစားခဲ့ရပြီး စစ်ကိုင်းတိုင်း​၊ ရေဦးမြို့ရှိ စာသင်တိုက်တွင် အုတ်ရိုးများပျက်စီးကြောင်း ကနီဦးသိရှိရခြင်းဖြစ်သည်။ 

မန္တ​လေးတိုင်းရှိ သပိတ်ကျင်း၊ ပြင်ဦးလွင်၊ ​နေပြည်​တော်၊ ​ကျောက်ဆည်၊ မြင်းခြံ၊ မိတ္ထီလာ၊ မိုးကုတ်၊ စသည့်မြို့နယ်များ၊ စစ်ကိုင်းတိုင်းရှိ ​ရွှေဘို၊ မုံရွာ၊ ​ရေဦး၊ စစ်ကိုင်း၊ ​ချောင်းဦး၊ မင်းကင်း စသည့်မြို့နယ်များ၊ ရှမ်းပြည်နယ်ရှိ ​တောင်ကြီး၊ လားရှိုး၊ မိုးမိတ် စ​သောမြို့နယ်များတွင် ငလျင်လှုပ်ခတ်မှုကို သိရှိခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အိမ်တောင်ပြိုတော့မယ့် အတိုင်းပဲ”ဟု မန္တလေးမြို့တွင် နေထိုင်​သောအမျိုးသမီးတစ်ဦးက ပြောပြီး မန္တလေးမြို့ခံ အခြားသူတစ်ဦးကလည်း ၂၀၀၄ ဆူနာမီဖြစ်ခဲ့​သော ငလျင်နောက်ပိုင်း အားအပြင်းဆုံးဟု ထင်ကြောင်း ပြောသည်။ 

မိုးဇလက ပြင်းအား ရစ်ချ်တာစ​ကေး ၆ ဒသမ ၃ ရှိသည်ဟုဆို​သော်လည်း အ​မေရိကန်အ​ခြေစိုက် USGS ကမူ ​မြေငလျင်သည် ​ရွှေဘိုမြို့အ​ရှေ့​မြောက်ဘက် ၄၆ ကီလိုမီတာ (၂၆ မိုင်​ကျော်)ကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစ​ကေး ၅ ဒသမ ၅ ရှိ ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်​ကြောင်း သတင်းထုတ်ပြန်သည်။ ​မြေငလျင်အနက်မှာ ၁၀ ကီလိုမီတာတွင် လှုပ်ရှားခဲ့ခြင်းဖြစ်​ကြောင်း ​ဖော်ပြထားသည်။ 

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က ပြင်အား ရစ်ချ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ရာ လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။

သပိတ်ကျင်းမြို့နယ်ကို ဗဟိုပြု၍ ယနေ့လှုပ်ခတ်သော ငလျင်ကြောင့် နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုများရှိမရှိ Myanmar Now က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button