အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

တပ်ချုပ်သစ် ရဲဝင်းဦးကို မင်းအောင်လှိုင် ဘယ်လိုချုပ်ကိုင်မလဲ

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ တပ်ချုပ်ဖြစ်လာပေမယ့် အာဏာကိုတော့ မင်းအောင်လှိုင်ကပဲ ဆက်ပြီး ချုပ်ကိုင်သွားလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မနက်မှာ နေပြည်တော်လွှတ်တော်အနီးက ဒေါ်အောင်စုကြည်ရဲ့နေအိမ်ကို ဝင်ရောက်စီးနင်းမှုမှာ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဦးဆောင်ခဲ့တာပါ။

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်လည်းဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်လို လက်စောင်းထက်ပြီး၊ မင်းအောင်လှိုင်ရဲ့ ယုံကြည်မှုကို အထူးရရှိထားသူပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်ရဲ့ပြောခွင့်ရသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ရာထူးကဖယ်ရှားခံရမှုနောက်ကွယ်မှာ ဗိုလ်ချုပ်ကြီးရဲဝင်းဦး ရှိနေတယ်လို့ နေပြည်တော်စစ်ရုံးချုပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ကြားမှာ ဆက်ဆံရေးအဆင်မပြေဘူးလို့ Myanmar Now ရဲ့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

တပ်ချုပ်အသစ် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို သမ္မတဖြစ်လာမယ့် မင်းအောင်လှိုင်က ရေရှည်မှာ ထိန်းချုပ်နိုင်ပါ့မလားဆိုတာ ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။ 

ထွန်းအောင်/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button